မြန်မာ၊ ဆီးရီးယားတို့နှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲကစားမည့် ဂျပန်အသင်းတွင် ဥရောပအခြေစိုက်ကစားသမားများ ပါဝင်လာ

 

ရန်ကုန်  နိုဝင်ဘာ  ၁၀


၂၀၂၆ ကမ္ဘာ့ဖလား ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စုပွဲအဖြစ်  မြန်မာ၊ ဆီးရီးယားအသင်းတို့နှင့်  ကစား မည့် အာရှထိပ်သီး ဂျပန်လက်ရွေး စင်အသင်းတွင် ဥရောပအခြေစိုက် ကစားသမားများ အစုံအလင်ပါဝင် လာသည်။


ဂျပန်လက်ရွေးစင်  အသင်း သည် ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် နိုဝင်ဘာ ၁၆ ရက်တွင်   မြန်မာ အသင်းနှင့် အိမ်ကွင်း၊ နိုဝင်ဘာ ၂၁ ရက်တွင် ဆီးရီးယားအသင်းနှင့် အဝေးကွင်း    ကစားရမည်ဖြစ် သည်။  ဂျပန်လက်ရွေးစင်အသင်း သည် ကမ္ဘာ့ဖလား ဒုတိယအဆင့် ခြေစစ်ပွဲအဖြစ်      ယခုလအတွင်း နှစ်ပွဲကစားရမည်ဖြစ်ပြီး  ယင်းပွဲ များအတွက်        ကစားသမား ၂၆ ဦး  စာရင်းထုတ်ပြန်ခဲ့ရာ   ဥရောပအခြေစိုက်  ကစားသမား   အများအပြား      ပါဝင်လာခြင်း ဖြစ်သည်။ 


လက်ရှိ    ဥရောပဘောလုံး လောကတွင်     ခြေစွမ်းပြနေသည့်  ကစားသမားများ      ပါဝင်လာပြီး    စပိန်ကလပ်   ရီးယဲလ်ဆိုစီဒက် အသင်း  တောင်ပံတိုက်စစ်  ကစား သမား    ကူဘို၊   အင်္ဂလန်ကလပ်   ဘရိုက်တန်အသင်း      တောင်ပံ ကစားသမား မီတိုမာ၊  လီဗာပူးလ်  ကွင်းလယ် ကစားသမား  အန်ဒို၊   ပြင်သစ်ကလပ်    မိုနာကိုအသင်း  တိုက်စစ် ကစားသမား မီနာမီနို၊   ဂျာမနီကလပ်    ဘိုချမ်အသင်း တိုက်စစ်မှူး  အဆာနို၊ အင်္ဂလန် ကလပ်        အာဆင်နယ်အသင်း နောက်ခံလူ  တိုမီယာဆု  စသည့် ကစားသမားများ     ပါဝင်လာ သည်။


မြန်မာအသင်းနှင့်    ဂျပန် အသင်းသည် ကမ္ဘာ့ဖလား ဒုတိယ အဆင့်ခြေစစ်ပွဲတွင်    နှစ်ကြိမ် ဆက်တိုက်      တွေ့ဆုံခြင်းဖြစ် သည်။


ဂျပန်အသင်းသည်     ၂၀၂၂ ကမ္ဘာ့ဖလား    ဒုတိယအဆင့် ခြေစစ်ပွဲတွင်   မြန်မာအသင်းကို အိမ်ကွင်း၌   ၁၀ ဂိုးပြတ်၊ အဝေး ကွင်း၌ နှစ်ဂိုးပြတ် အနိုင်ရခဲ့သည်။


ရဲရင့်လွင်
ဓာတ်ပုံ-AFC