
နေပြည်တော် ဒီဇင်ဘာ ၂၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင် များအသင်းချုပ် (UMFCCI) နှင့် ဘရာဇီးနိုင်ငံ ဆော်ပိုလိုကုန်သည်ကြီးများအသင်း(ACSP) တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို ဒီဇင်ဘာ ၁၂ ရက်က အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့ရာ ဘရာဇီး နိုင်ငံ ဆော်ပိုလိုကုန်သည်ကြီးများအသင်းနှင့် မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ်တို့၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သံရုံး၊ ဘရာဇီးလျားမြို့မှ မြန်မာသံအမတ်ကြီး ပါဝင် တက်ရောက်သည်။
UMFCCI ဒုတိယဥက္ကဋ္ဌက UMFCCI အနေဖြင့် ပြည်ပနိုင်ငံများမှ စီးပွားရေး အသင်းအဖွဲ့များနှင့် နားလည်မှုစာချွန်လွှာ ၁၆၄ ခုကို လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း၊ ယခုနားလည်မှုစာချွန်လွှာသည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ထိခိုက်ခဲ့ရသည့် မြန်မာနိုင်ငံနှင့် ဘရာဇီးနိုင်ငံ တို့မှ စီးပွားရေးလုပ်ငန်းများ ပြန်လည်ကောင်းမွန်တိုးတက်စေရန် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ မြန်မာစီးပွားရေးကိုယ်စားလှယ် အဖွဲ့ကို ဘရာဇီးနိုင်ငံသို့ မကြာမီအချိန်တွင် စေလွှတ်ရန် စီစဉ်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း အခမ်းအနားတွင် ပြောကြားသည်။
ယင်းနောက် ACSP ဥက္ကဋ္ဌက မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက် ပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ ဆော်ပိုလိုမြို့သည် ဘရာဇီး နိုင်ငံအတွက်သာမက တောင်အမေရိကတိုက်တွင် အကြီးဆုံးစီးပွားရေး မြို့တော်ဖြစ်ကြောင်း၊ မိမိတို့ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နိုင် သည့် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများစွာရှိကြောင်းဖြင့် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ ကိုရိုး