မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာဆက်ဆံရေး ရင်းနှီးစွာဆွေးနွေး

 

နေပြည်တော် စက်တင်ဘာ ၈


ပြည်ထောင်စုအစိုးရ              အဖွဲ့ရုံး ဝန်ကြီးဌာန  (၂)   ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်သည် မြန်မာ နိုင်ငံဆိုင်ရာ    ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး    H.E.   Dr.   Md Monwar Hossain  အား ယမန်နေ့ နံနက်    ၁၀     နာရီတွင်    နေပြည် တော်ရှိ          ရုံးအမှတ်        (၄၁)ပြည်ထောင်စု      အစိုးရအဖွဲ့ရုံး  ဝန်ကြီးဌာန (၂) ၌ လက်ခံတွေ့ဆုံ ခဲ့သည်။


  နှစ်နိုင်ငံ ကုန်သွယ်ရေး


တွေ့ဆုံစဉ်       ပြည်ထောင်စု အစိုးရအဖွဲ့ရုံး   ဝန်ကြီးဌာန    (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နှင့် မြန်မာနိုင်ငံဆိုင်ရာ  ဘင်္ဂလား ဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Dr. Md Monwar Hossain  တို့သည် မြန်မာ-ဘင်္ဂလားဒေ့ရှ်      နှစ်နိုင်ငံ အကြား        ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေး၊   နှစ်နိုင်ငံ  ကုန်သွယ် ရေးနှင့်    ရခိုင်ပြည်နယ်မှ   နေရပ် စွန့်ခွာသူများကို        ပြန်လည် လက်ခံရေးအပါအဝင်      နှစ်နိုင်ငံ အကြား        ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရန်      ကိစ္စရပ်များကို အမြင်ချင်းဖလှယ်၍       ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။ 


သတင်းစဉ်