
ရန်ကုန် အောက်တိုဘာ ၂၁
၂၀၂၃ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၇) ဒုတိယနေ့ကို အောက်တိုဘာ ၂၁ ရက်က သုဝဏ္ဏကွင်း၌ ဆက်လက် ကျင်းပရာ လက်ရှိချန်ပီယံ ရှမ်းယူနိုက် တက်အသင်းက GFA အသင်းကို ခြောက်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက် အသင်းအနေဖြင့် ဇယားအောက်ဆုံးမှ GFA အသင်းကို ဂိုးဒါဇင်ဝက်ဖြင့် အနိုင် ယူကာ ရှုံးပွဲမရှိ စံချိန်ဆက်ထိန်းပြီး ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။
GFA အသင်းသည် ရှမ်းယူနိုက် တက် တိုက်စစ်ကို ၂၅ မိနစ်အထိ ထိန်းထားနိုင်ခဲ့ပြီး ၂၈ မိနစ်တွင် ဦးဆောင်ဂိုး ပေးလိုက်ရပြီး နောက်ပိုင်းဂိုးများ ဆက်တိုက် ခွင့်ပြုပေးခဲ့ရခြင်းဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းသည် နန္ဒကျော်၊ မျိုးမင်းလတ်၊ ရဲရင့် အောင်၊ ရဲမင်းသူအပါအဝင် နိုင်ငံ ခြားသားကစားသမား သုံးဦးတို့ ပါဝင်ကစားခဲ့ပြီး GFA အသင်းက လည်း ဇော်လင်း၊ သန်းတိုးအောင်၊ ဘိုဘိုနိုင်တို့ဖြင့် ပွဲထွက်ခဲ့သည်။ ရှမ်းယူနိုက်တက် အသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစား ခဲ့ပြီး ပထမပိုင်းတွင် လေးဂိုး၊ ဒုတိယပိုင်းတွင် နှစ်ဂိုးသွင်းယူကာ ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးများကို ၂၈ မိနစ်တွင် မိုတို ဟီရို၊ ၃၀၊ ၄၅ မိနစ်တွင် ဈာနေရသူ၊ ၄၃၊ ၄၇၊ ၄၈ မိနစ်တွင် ဘယ်လိုတို့ က သွင်းယူခဲ့ပြီး GFA အသင်း အတွက် ချေပဂိုးတစ်ဂိုးကို ၆၁ မိနစ်တွင် မျိုးမင်းအောင်က သွင်းယူ ခဲ့သည်။ ယခုပွဲအတွက် အကောင်း ဆုံးကစားသမားဆုကို ဟက်ထရစ် သွင်းယူခဲ့သည့် ရှမ်းယူနိုက်တက် တိုက်စစ်မှူး ဘယ်လိုတို့က ရရှိခဲ့ သည်။ ယခုပွဲအပြီးတွင် ရှမ်းယူနိုက် တက်အသင်းက ၄၄ မှတ်ဖြင့် ဆက်လက်ဦးဆောင်နေပြီး GFA အသင်းက ရှစ်မှတ်ဖြင့် ဇယား အောက်ဆုံးတွင် ဆက်လက် ရပ်တည်နေသည်။
ပွဲစဉ် (၁၇) တတိယနေ့အဖြစ် အောက်တိုဘာ ၂၂ ရက် (ယနေ့) တွင် သုဝဏ္ဏကွင်း၌ ကချင်ယူနိုက် တက်အသင်းနှင့် အား/ကာသိပ္ပံ အသင်း၊ YUSC ကွင်း၌ ရန်ကုန် အသင်းနှင့် ဒဂုံစတားအသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ရဲရင့်လွင်
ဓာတ်ပုံ-MNL