
ရန်ကုန် ဧပြီ ၄
၂၀၂၄ MNL Cup ပြိုင်ပွဲ အုပ်စုပထမအကျော့ နောက်ဆုံးပွဲဖြစ်သည့် ပွဲစဉ် (၅) ကို ဧပြီ (၅၊ ၆) ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး အုပ်စု တစ်ခုစီ၌ ထိပ်ဆုံးတွင် အပြိုင်ဖြစ်နေသည့်အသင်းများ ထိပ်တိုက် တွေ့ဆုံလျက်ရှိသည်။
ပွဲစဉ် (၅) တွင် စုစုပေါင်း ခုနစ်ပွဲကျင်းပမည်ဖြစ်ပြီး ဧပြီ ၅ ရက်တွင် ကစားမည့် GFA အသင်းနှင့် တက္ကသိုလ်အသင်းပွဲကို တက္ကသိုလ်အသင်းမှ ကစားသမားများ၏ ကျောင်းစာမေးပွဲကြောင့် မတ် ၁၂ ရက်ကတည်းက ကြိုတင်ကစားပြီးဖြစ်သောကြောင့် ပွဲစဉ် (၅) တွင် ခုနစ်ပွဲသာ ကစားရ မည်ဖြစ်သည်။ ပွဲစဉ် (၅) အဖြစ် ဧပြီ ၅ ရက်တွင် တက္ကသိုလ်ကွင်း၌ မဟာယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း၊ သုဝဏ္ဏ ကွင်း၌ ရခိုင်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်း၊ ပဒုမ္မာကွင်း၌ Glory Goal အသင်းနှင့် ကချင်ယူနိုက်တက်အသင်း၊ ဧပြီ ၆ ရက်တွင် တက္ကသိုလ်ကွင်း၌ Dagon Port အသင်းနှင့် ဧရာဝတီ ယူနိုက်တက်အသင်း၊ သုဝဏ္ဏကွင်း ၌ ဒဂုံစတားအသင်းနှင့် ဟံသာ ဝတီယူနိုက်တက်အသင်း၊ ပဒုမ္မာ ကွင်း၌ သစ္စားအားမာန်အသင်းနှင့် ရတနာပုံအသင်း၊ YUSC ကွင်း၌ မြဝတီအသင်းနှင့် အား/ကာသိပ္ပံ အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ် သည်။
အုပ်စုပွဲစဉ် (၄) အပြီးတွင် အုပ်စု (က) ၌ ရန်ကုန်နှင့် မဟာ ယူနိုက်တက်တို့က သုံးပွဲကစား ကိုးမှတ်စီ၊ GFA အသင်းက လေးပွဲ ကစား ခြောက်မှတ်၊ တက္ကသိုလ် အသင်းက လေးပွဲကစား သုံးမှတ်၊ ရွှေပြည်သာအသင်းက လေးပွဲ ကစား အမှတ်မရသေး၊ အုပ်စု (ခ) ၌ ရှမ်းယူနိုက်တက်က သုံးပွဲ ကစား ကိုးမှတ်၊ ရခိုင်နှင့် ကချင် ယူနိုက်တက်က သုံးပွဲကစား ခြောက်မှတ်စီ၊ Glory Goal အသင်းက သုံးပွဲကစား သုံးမှတ်၊ Rainbow အသင်းက လေးပွဲ ကစား အမှတ်မရသေး၊ အုပ်စု (ဂ) ၌ ဒဂုံစတားအသင်းက သုံးပွဲ ကစား ကိုးမှတ်၊ ဟံသာဝတီနှင့် ဧရာဝတီအသင်းက သုံးပွဲကစား ခြောက်မှတ်စီ၊ Dagon Port အသင်းက သုံးပွဲကစား သုံးမှတ် ရရှိထားသည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-YUFC