MNL အမှတ်ပေးပြိုင်ပွဲတွင် ရတနာပုံ အနိုင်ရပြီး GFA နှင့် မြဝတီ သရေကျ

 

ရန်ကုန်  မေ  ၂၅


၂၀၂၃ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၆) ပထမ နေ့ကို  မေ  ၂၅ ရက်က ပြန်လည်ကျင်းပရာ ရတနာပုံ အသင်း နိုင်ပွဲရရှိပြီး GFA နှင့် မြဝတီ သရေကျခဲ့သည်။

 


သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် GFA အသင်း နှင့်  မြဝတီအသင်း တစ်ဂိုးစီသရေကျခဲ့သည်။  GFA အသင်းသည်  မိနစ်  ၉၀   ပြည့်သည်အထိ  တစ်ဂိုး အသာဖြင့်   ဦးဆောင်နိုင်ခဲ့သော်လည်း    ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် ချေပဂိုးပြန်ပေးလိုက်ရသဖြင့် သရေရလဒ်ဖြင့် ကျေနပ်ခဲ့ရခြင်းဖြစ်သည်။

 


နှစ်သင်းစလုံး   အမာခံကစားသမားအစုံအလင်ဖြင့်   ပွဲထွက်ခဲ့ပြီး ပထမပိုင်းပြီးခါနီးတွင်  ဝေယံက  GFA  အသင်းအတွက်   ဦးဆောင်ဂိုး သွင်းယူခဲ့သည်။  ဒုတိယပိုင်းတွင်   မြဝတီအသင်းက    ချေပဂိုးရရန် ကြိုးပမ်းလာပြီး GFA အသင်းသည် ဂိုးပြန်မပေးရရန်  ပိတ်ဆို့ကစားခဲ့ သော်လည်း ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် ဂိုးပြန်ပေးခဲ့ရသည်။ မြဝတီ အသင်းအတွက် ၉၀+၃ မိနစ်တွင် အောင်သူက သွင်းယူခဲ့သည်။

 


YUSC ကွင်း၌  ကျင်းပသည့်ပွဲတွင် ရတနာပုံအသင်းက  ဧရာဝတီ အသင်းကို သုံးဂိုးပြတ်အနိုင်ရခဲ့သည်။ ရတနာပုံအသင်းသည် ပထမပိုင်း သွင်းဂိုးများဖြင့် ဂိုးပြတ်အနိုင်ရခဲ့ပြီး ယခုရာသီ ဒုတိယမြောက်နိုင်ပွဲရရှိခဲ့ သည်။ ဧရာဝတီအသင်းမှာမူ  ရာသီအစ ခြောက်ပွဲဆက်တိုက်  နိုင်ပွဲ ပျောက်ဆုံးပြီး   တန်းဆင်းဇုန်ထဲမှ   ရုန်းထွက်နိုင်ခြင်းမရှိသေးပေ။ ရတနာပုံအသင်းအတွက် အနိုင်ဂိုးများကို  ပွဲအစ ၇ မိနစ်တွင် အံ့မော်ဦး၊ ၂၃၊ ၄၅+၁ မိနစ်တို့တွင် သက်ဟိန်းစိုးက အနိုင်ဂိုးများ သွင်းယူခဲ့သည်။

 


ပွဲစဉ် (၆) ဒုတိယနေ့အဖြစ် မေ ၂၆ ရက် (ယနေ့) တွင်  သုဝဏ္ဏကွင်း၌ ဟံသာဝတီအသင်းနှင့် ဒဂုံစတားအသင်း၊ YUSC ကွင်း၌ ရန်ကုန်အသင်း နှင့် မဟာယူနိုက်တက်အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 


ညီမြတ်သော်တာ၊  ဓာတ်ပုံ - MNL