MNL အမှတ်ပေးပြိုင်ပွဲတွင် ဧရာဝတီအသင်း အနိုင်ရ

 

ရန်ကုန်  အောက်တိုဘာ   ၂၀


၂၀၂၃ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၇) ပထမနေ့ကို အောက်တိုဘာ ၂၀ ရက်က ပြန်လည်ကျင်းပရာ ဧရာဝတီအသင်း နိုင်ပွဲရရှိပြီး ရတနာပုံနှင့် မဟာယူနိုက်တက်  သရေ ကျခဲ့သည်။  


YUSC ကွင်း၌ ကျင်းပသည့်ပွဲ တွင်   ဧရာဝတီအသင်းက  မြဝတီ အသင်းကို   တစ်ဂိုး-ဂိုး  မရှိဖြင့် အနိုင်ရခဲ့သည်။   ဒုတိယအကျော့ တွင်   ရလဒ်ကောင်းများရရှိနေ သည့် ဧရာဝတီအသင်းသည် ယခု ပွဲတွင် မြဝတီကို အနိုင်ရခဲ့သဖြင့် တန်းဆင်းဇုန်           အန္တရာယ်မှ ရုန်းထွက်နိုင်ရန်        အခြေအနေ ကောင်းသွားပြီဖြစ်သည်။ မြဝတီ အသင်းမှာမူ          ဧရာဝတီကို ဖိအားပေးကာ ဂိုးသွင်းခွင့်များစွာရခဲ့သော်လည်း        အသုံးမချနိုင် သဖြင့်    ရှုံးပွဲ   ကြုံတွေ့ခဲ့ခြင်းဖြစ် သည်။


နှစ်သင်းစလုံး   အမာခံကစား သမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး ပွဲစကတည်းက တိုက်စစ်ဖွင့်ကစား ခဲ့သည်။ နှစ်သင်းစလုံး ဂိုးသွင်းခွင့် များ အပြန်အလှန်ရခဲ့သော်လည်း ၃၁ မိနစ်တွင်   ဧရာဝတီအသင်း အနိုင်ဂိုးရခဲ့ပြီး   အောင်သီဟက သွင်းယူခဲ့သည်။ ယင်းနောက်ပိုင်း တွင် မြဝတီအသင်းက ချေပဂိုးရ နိုင်သည့်   အခွင့်အရေးများစွာရခဲ့ သော်လည်း    ဘားထိထွက်သည့် အပြင်         ဧရာဝတီဂိုးသမား လက်စွမ်းပြနေသဖြင့်  နစ်နာခဲ့ရ သည်။ ၆၃ မိနစ်တွင် မြဝတီအသင်း ပယ်နယ်တီ      ကန်ခွင့်ရခဲ့ပြီး သက်ပိုင်ကို၏         ကန်ချက်ကို ဧရာဝတီဂိုးသမား ဟိန်းထက်စိုး ကာကွယ်နိုင်ခဲ့သည်။ ယခုပွဲအပြီး တွင် ဧရာဝတီအသင်းက ၁၆ ပွဲ ကစား ၁၈ မှတ်၊ မြဝတီအသင်းက ၁၆ ပွဲကစား  ၁၉ မှတ်   ရရှိထား သည်။


သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲ တွင်   ရတနာပုံအသင်းနှင့် မဟာ ယူနိုက်တက်အသင်း  ဂိုးမရှိသရေ ကျခဲ့သည်။  ယင်းနှစ်သင်းသည် ပထမအကျော့ကလည်း   ဂိုးမရှိ သရေကျခဲ့ပြီး  နှစ်ကျော့စလုံး သရေရလဒ်ဖြင့် ပြီးဆုံးခဲ့ခြင်းဖြစ် သည်။ ၁၆ ပွဲစီကစားအပြီးတွင် မဟာယူနိုက်တက်အသင်းက ၂၃ မှတ်၊ ရတနာပုံအသင်းက ၁၉ မှတ် ရရှိထားသည်။


ပွဲစဉ် (၁၇) ဒုတိယနေ့အဖြစ် အောက်တိုဘာ ၂၁ ရက် (ယနေ့) ညနေ ၄ နာရီတွင် သုဝဏ္ဏကွင်း၌ GFA အသင်းနှင့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်း ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ 


ရဲရင့်လွင်၊ ဓာတ်ပုံ-MNL