MNL 2 Promotion Amateur Club Tournament ပြိုင်ပွဲ Rainbow အသင်း ဆီမီးဖိုင်နယ်တက်

 

ရန်ကုန်  ဒီဇင်ဘာ  ၂၁


MNL 2 Promotion Amateur Club Tournament ပြိုင်ပွဲ အုပ်စုတတိယနေ့ကို ဒီဇင်ဘာ ၂၁ ရက်က ဆက်လက်ကျင်းပရာ Rainbow  အသင်း နိုင်ပွဲဆက် ပြီး နောက်တစ်ဆင့် တက်ရောက်ခဲ့သည်။


တတိယနေ့ တွင်  Rangers  အသင်းက  TKG Hmawbi အသင်းကို လေးဂိုး-တစ်ဂိုး၊ Rainbow အသင်းက Burmese  Bees   အသင်းကို  သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။  Rainbow အသင်းသည် ယခုပွဲအနိုင်ရလဒ်ကြောင့် လက်ကျန်တစ်ပွဲအလိုတွင် ဆီမီးဖိုင်နယ်တက်ရောက်ရန်    သေချာခဲ့သည်။   Rainbow အသင်းအတွက် ဂိုးများကို ၉၊ ၁၇ မိနစ် တွင်  
ဝေယံဦး၊ ၆၈ မိနစ်တွင် မင်းသူရကျော်တို့က သွင်းယူပြီး   Burmese Bees အသင်းအတွက် ချေပဂိုးကို ၉၀ + ၃ မိနစ်တွင် နေဝင်းထွဋ်က သွင်းယူခဲ့သည်။ Rangers  အသင်းသည်  ယခုပွဲအနိုင်ရလဒ်ကြောင့် နောက်တစ်ဆင့်တက်ရောက်ရန် မျှော်လင့်ချက်ရှိလာသည်။  Rangers  အသင်းအတွက် ဂိုးများကို ၃၇ မိနစ်တွင် အောင်မြင့်မြတ်၊ မိနစ် ၄၀ တွင် ချစ်ထွေး၊ ၇၉ မိနစ်တွင် ထိုက်သူဟန်၊ ၈၄ မိနစ်တွင် ကျော်ထက်တို့က သွင်းယူပြီး  TKG Hmawbi အသင်းအတွက် ချေပဂိုးကို ၆၂ မိနစ်တွင် လင်းသီဟက သွင်းယူခဲ့သည်။  အုပ်စု (က) တွင် Rainbow အသင်းက နှစ်ပွဲနိုင် ခြောက်မှတ်ဖြင့် ဆီမီးဖိုင်နယ်တက်ရောက်သွားပြီး Rangers  အသင်းက သုံးမှတ်၊ Burmese Bees အသင်းနှင့် TKG Hmawbi အသင်း တို့က တစ်မှတ်စီရရှိထားသည်။


အုပ်စုစတုတ္ထနေ့ကို ဒီဇင်ဘာ ၂၂ ရက် (ယနေ့) ဆက်လက်ကျင်းပ မည်ဖြစ်ပြီး နံနက် ၈ နာရီခွဲတွင် GOA Hmawbi အသင်းနှင့် Takeo Strike အသင်း၊ ညနေ  ၃  နာရီခွဲတွင်   ရန်ကုန်ဂလက်စီအသင်းနှင့်  Passion အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

ရဲရင့်လွင်
ဓာတ်ပုံ-MNL