မွန်းကျပ်မှုတွေ ဖြေဖျောက်ဖို့ အပန်းဖြေသွားရာမှ အသွားအလာ ကန့်သတ်မှုနဲ့ ထပ်မံကြုံတွေ့ရတဲ့အခါ. . .

 

ဇော်မိုး
 

 

တိုးတက်ထွန်းကားလာတဲ့ သိပ္ပံနဲ့နည်းပညာတွေနောက်  တစိုက်မတ်မတ်လိုက်ပြီး ကပ်ရောဂါဆိုးတွေ၊ အဆုံးမသတ်နိုင်တဲ့ ပဋိပက္ခတွေကြား ရုန်းကန်လှုပ်ရှားနေကြရတဲ့ ဒီနေ့ခေတ်ကမ္ဘာကြီးမှာ စိတ်ပင်ပန်းနွမ်းနယ်မှုနဲ့ အထီးကျန်မှုက လောကလူသား တွေအတွက် အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုအဖြစ် ရှိလို့နေပါတယ်။ 

 


အပန်းဖြေရာ 
အထင်ကရနေရာတစ်ခု


ကမ္ဘာပေါ်မှာ လူအမျိုးမျိုး စိတ်အထွေ ထွေ      ရှိကြပေမယ့်လည်း    အကြောင်း အမျိုးမျိုးကြောင့် မွန်းကျပ်လာတဲ့အခါ အဲဒီမွန်းကျပ်မှုတွေကို     ဖြေဖျောက်ပြီး ချစ်ခင်ရသူတွေနဲ့ အနားယူအပန်းဖြေချင် လိုတဲ့        စိတ်ဆန္ဒလေးတစ်ခုတော့ လူတိုင်းမှာ ရှိကြတာချည်းပါပဲ။ ရှန်ဟိုင်း မှာ  ပြင်းထန်တဲ့   ကိုဗစ်အသွားအလာ ကန့်သတ်မှုကို နှစ်လကြာ ကြံ့ကြံ့ခံပြီး မှာတော့ ကိုင်လီနယူတန်တစ်ယောက် ဟိုင်နန်ကျွန်းပေါ်မှာရှိတဲ့ စန်ယအပန်း ဖြေစခန်းမှာ    အနားယူဖို့   မျှော်လင့် စောင့်စားနေတာ ဖြစ်ပါတယ်။  တရုတ် နိုင်ငံရဲ့ ဟာဝိုင်ယီလို့ လူသိများတဲ့ စန်ယ အပန်းဖြေစခန်းဟာ ကမ္ဘာလှည့်ခရီးသွား တွေ လာရောက်လည်ပတ်တဲ့ အထင်ကရ နေရာတစ်ခု ဖြစ်ပါတယ်။ 

 


ကိုင်လီနယူတန်ရဲ့        ဟိုင်နန် အပန်းဖြေခရီးစဉ်ကို   လွန်ခဲ့တဲ့  ရက် သတ္တပတ်အတွင်းက   စတင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဩဂုတ် ၆ ရက်က အဲဒီ စန်ယအပန်းဖြေစခန်းမှာ    ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၆၃ ဦး တွေ့ရှိတဲ့ အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေက လေယာဉ်နဲ့     ရထားခရီးစဉ်အားလုံးကို ဖျက်သိမ်းလိုက်ပါတယ်။    အဲဒီနောက် ကျွန်းပေါ်မှာ   ကိုဗစ်-၁၉  ရောဂါထပ်မံ တွေ့ရှိတဲ့သူ   ၅၀၄  ဦး စစ်ဆေးတွေ့ရှိ တာကြောင့် ဩဂုတ် ၈ ရက်က ယခင် အသွားအလာကာလကို   သက်တမ်းတိုး လိုက်ပါတယ်။ 

 


ရောဂါပိုးမရှိကြောင်း  အထောက် အထား ငါးကြိမ်ပြသရမှာဖြစ်


လူဦးရေ သုံးသန်းနီးပါးရှိတဲ့ ဟိုင်နန် ကျွန်းပေါ်က ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဟိုင်ကူ အပါအဝင်   ဝူရှီရှန်း၊  လီဒုံနဲ့  ချင်မိုင်မြို့ တို့ကိုလည်း     လော့ခ်ဒေါင်းချလိုက် ပါတယ်။   ယခုအခါမှာ   ခရီးသွားတွေ အနေနဲ့ ကျွန်းကနေ  မထွက်ခွာမီ  ခုနစ် ရက်အတွင်း ပီစီအာရ်နည်းနဲ့ စစ်ဆေး ထားတဲ့ ကိုဗစ်-၁၉ ရောဂါပိုးမရှိကြောင်း အထောက်အထား   ငါးကြိမ်ပြသရမှာ ဖြစ်ပြီး   သို့မှသာ  လေယာဉ်လက်မှတ် ဝယ်ယူခွင့်ရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

 


သောင်တင်ပိတ်မိနေတဲ့ ခရီးသွား အရေအတွက် ၈၀၀၀၀ ခန့်ရှိ


စန်ယအပန်းဖြေစခန်းမှာ  သောင် တင်ပိတ်မိနေတဲ့ ခရီးသွားအရေအတွက် ၈၀၀၀၀ ခန့်ရှိတယ်လို့ အဲဒီမြို့ရဲ့ ဒုတိယ မြို့တော်ဝန်က ပြောပါတယ်။ အများစုမှာ တရုတ်လူမျိုးတွေဖြစ်ပြီး   ရှန်ဟိုင်းက လည်း အများအပြား ပါဝင်တယ်လို့ ဆိုပါ တယ်။ ဗြိတိန်လူမျိုး နယူတန်က ကိုဗစ်-၁၉   ရောဂါ  ရှိ  မရှိ  စမ်းသပ်စစ်ဆေးဖို့ အတွက်   နံနက်တိုင်း  နှစ်နာရီလောက် ထတန်းစီရတယ်လို့  ဆိုပါတယ်။  အဲဒီလို ထတန်းစီရတဲ့အတွက်          အလုပ်နဲ့ ပတ်သက်တဲ့        အစည်းအဝေးတွေ ဖျက်သိမ်းရတယ်။   အဲဒီအခြေအနေက စိတ်မသက်မသာဖြစ်တာကို ပိုပြီးမြင်သာ စေပါတယ်။       အထူးသဖြင့်   တိုးမြှင့် ကန့်သတ်ချက်တွေကို ခံစားရပြီးဖြစ်တဲ့ ရှန်ဟိုင်းကလူတွေအတွက် ပိုပြီးဆိုးတယ် လို့ ၎င်းက ပြောပါတယ်။ 

 


ဟိုတယ်အခန်းခ ၅၀ ရာခိုင်နှုန်းလျှော့ပေး


ဩဂုတ် ၆ ရက်က လေယာဉ်ခရီးစဉ် တွေ ဖျက်သိမ်းလိုက်ရတဲ့သူတွေအတွက် ဟိုတယ်အခန်းတွေ   အခမဲ့ကမ်းလှမ်း ထားတယ်လို့ဆိုပေမယ့်လည်း နယူတန် က    အသွားအလာကန့်သတ်မှုကြောင့်   နေထိုင်ခွင့်သက်တမ်း   တိုးရတဲ့အတွက် ဟိုတယ်က   ၎င်းအတွက်   အခန်းခ  ၅၀  ရာခိုင်နှုန်းလျှော့ပေးတယ်လို့ ပြောပါ တယ်။ တရုတ်စာမဖတ်နိုင်တဲ့ နိုင်ငံခြား သားတွေအတွက်   သတင်းအချက်အလက် ရရှိဖို့ ခက်ခဲပြီး ဧည့်သည်တွေကို ဟိုတယ် ပြင်ပထွက်ခွာခွင့်ပြုဖို့လည်း  မသေချာ ဘူးလို့ ဆိုပါတယ်။ 

 


နယူးယောက်ယူနီဗာစီတီ ရှန်ဟိုင်းမှ ပါမောက္ခတစ်ဦးဖြစ်သူ ဘရိန်းဟောက ခရီးသွားတွေအနေနဲ့      အခန်းထဲမှာ ဘယ်လောက်ကြာကြာ      နေရဦးမလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေး ဘူးလို့  ပြောပါတယ်။  ဒါ့အပြင်  အခုလို အသွားအလာကန့်သတ်မှုကြောင့် ပိတ်မိ နေတာဟာ ဒီနှစ်မှာ လေးကြိမ်မြောက် ရှိပြီဖြစ်တဲ့   ဟောက   သူ့ရဲ့  အခန်းကို ဩဂုတ် ၁၀ ရက်အထိပဲ စာရင်းသွင်း ထားတာလို့ ပြောပါတယ်။ 

 


ဇွန်လအစမှာ   ရှန်ဟိုင်းက   အသွား အလာကန့်သတ်မှုကို ဖြေလျှော့လိုက်ပြီး လေးရက်အကြာမှာတင်      အနီးနားရှိ ခြံဝင်းတစ်ခု၌    အနီးကပ်ထိတွေ့သူဟု သံသယရှိတဲ့အတွက်   ၎င်းနေထိုင်ရာ ဒေသတစ်ဝိုက်ကို နောက်ထပ်ရက်သတ္တ နှစ်ပတ်  အသွားအလာကန့်သတ်လိုက် ပါတယ်။ အဲဒီ အသွားအလာကန့်သတ်မှု ကို   ဖြေလျှော့ပြီးနောက်   ချက်ချင်းဆို သလိုပဲ   ဟိုင်နန်ကျွန်းရှိ စန်ယအပန်းဖြေ စခန်းကို    အနားယူဖို့   ထွက်လာခဲ့တာ ဖြစ်တယ်လို့    ၎င်းက ဆိုပါတယ်။    အဲဒီ ရောက်တော့လည်း     ၁၀   ရက်ကြာ ကွာရန်တင်းဝင်ရတယ်လို့ ပြောပါတယ်။

 

 
စိတ်ကျန်းမာရေးအပေါ်မှာ ထိခိုက်မှုဖြစ်ရ


ရည်ရွယ်ချက်က ဆက်လက်အသွား အလာကန့်သတ်ပြီး ကိုဗစ်-၁၉ ရောဂါပိုး ရှိ   မရှိ   စမ်းသပ်စစ်ဆေးမှာကြောင့် ရှန်ဟိုင်းမြို့ရဲ့ပြင်ပကို ထွက်လာတာလို့ ဆိုပါတယ်။ ဒါ့အပြင် ၎င်းက အသွား အလာကန့်သတ်တာဟာ ဗိုင်းရပ်စ်ပျံ့နှံ့ မှုကို   လျှော့ချဖို့နဲ့   ကွင်းဆက်ဖြတ်ဖို့ အတွက်     ထိရောက်မှုရှိသော်လည်းပဲ စိတ်ကျန်းမာရေးအပေါ်မှာ    ထိခိုက်မှု ဖြစ်ရတယ်လို့    ပြောပါတယ်။  အခုလို    အသွားအလာကန့်သတ်မှုက      လူသား တွေရဲ့ အသက်မွေးဝမ်းကျောင်းပြုမှုကို ဘယ်လောက်ထိခိုက်မလဲဆိုတာ စိုးရိမ် မိကြောင်း၊   စိတ်ကျန်းမာရေးအပေါ်မှာ ထိခိုက်မှုဖြစ်ပြီး အထူးသဖြင့် မရေမရာ အခြေအနေနဲ့       လုပ်ငန်းခွင်ဝင်နေကြ သူတွေ၊        ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ လူငယ်လူရွယ်တွေကြားထဲမှာ ပိုထိခိုက် မှုဖြစ်ရတယ်လို့ ဆိုပါတယ်။ 

 


အစားအသောက် လက်ခံရရှိဖို့ 
၁၂ နာရီကျော်ကြာ


ဆိုင်မွန်ဗာရီဆယ်ဟာ      ၎င်းရဲ့ မိသားစုနဲ့အတူ     ယခင်က    ကိုဗစ်-၁၉ ဆိုင်ရာ   စည်းမျဉ်းစည်းကမ်းတွေ  ပိုမို တင်းကျပ်ထားတဲ့ ပေကျင်းကနေ စန်ယ ကို    ပြောင်းရွှေ့နေထိုင်သူ   ဖြစ်ပါတယ်။ ပီအာရ်ကုမ္ပဏီတစ်ခုမှာ      မန်နေဂျင်း ဒါရိုက်တာလုပ်နေတဲ့ အဆိုပါ ပြင်သစ် လူမျိုးဟာ     ပို့ဆောင်ရေးအက်ပလီ ကေးရှင်းတွေကတစ်ဆင့်           အစား အသောက်တွေကို   မှာယူရရှိနိုင်ပေမယ့် လည်း   လက်ခံရရှိဖို့   ၁၂  နာရီကျော် ကြာတယ်လို့ ဆိုပါတယ်။ 

 


သို့သော်လည်း အဆိုပါ ဗာရီဆယ် ဟာ ခရီးသွားဧည့်သည်တွေနဲ့ နှိုင်းယှဉ် ကြည့်မယ်ဆိုရင် သူ့အနေနဲ့ အနည်းငယ် သာ   ခံစားရတယ်လို့   ပြောပါတယ်။ ၎င်းမှာလိုအပ်မယ်ဆိုရင်   ရက်အကန့် အသတ်မရှိနေလို့ရတဲ့    နေရာရှိတယ်။ နေထိုင်ရာ    ခြံထဲမှာ   အသွားအလာ ကန့်သတ်မှုကြောင့်   ပိတ်မိနေပေမယ့်   အနည်းဆုံးတော့   ခြံထဲမှာ သွားလာလို့ ရတယ်လို့ ဆိုပါတယ်။                 
ကိုးကား- news/world-asia-62461248