မှန်ကန်သောအချက်အလက်များဖြစ်စေရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် အဆင့်ဆင့်ကွပ်ကဲကြပ်မတ်ဆောင်ရွက်ကြရန် ဒုတိယဝန်ကြီး ဦးဌေးလှိုင် မှာကြား

 

နေပြည်တော်  ဇူလိုင်  ၂၀
တိုင်းဒေသကြီး/ပြည်နယ် အလိုက် မဲဆန္ဒရှင်စာရင်း         မှန်ကန်ရေး အတွက်    ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် e-ID Server သို့ အချက်အလက်များ    ဖြည့်သွင်း ပြင်ဆင်ဖြည့်စွက်သည့်   လုပ်ငန်း များ      သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး   လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို   ယနေ့ နံနက် ၉ နာရီခွဲက  နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန  အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင်   လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန     ဒုတိယဝန်ကြီး ဦးဌေးလှိုင်က  နောင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ      အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင် ခွင့်ရှိသူအားလုံး   ကိုင်ဆောင်သင့် သည့်      ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ    တာဝန်ယူ ဆောင်ရွက်နေသည့်    ပန်းခင်း စီမံချက် အဆင့်(၁) နှင့် အဆင့်(၂) ဆောင်ရွက်ပြီးစီးမှု၊   တိုင်းဒေသ ကြီး/ ပြည်နယ်အသီးသီး၌ e-ID Software   ဖြင့်   လူတစ်ဦးချင်းစီ ၏    ဇီဝဆိုင်ရာအချက်အလက် (Biometric Data)   ကောက်ယူ ဆောင်ရွက်နေမှု၊ ယင်းသို့ဆောင် ရွက်ရာတွင်       တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ     မြို့နယ် ဦးစီးမှူးရုံးများ၌       ကိုင်ဆောင် ကတ်ပြား  ထုတ်ပေးပြီးသူများ၏ ကိုယ်ရေးအချက်အလက်များနှင့် e-ID Server  ရှိ  အချက်အလက် များကွဲလွဲနေမှု၊    ကွဲလွဲနေသည့် အချက်အလက်များကို စနစ်တကျ စိစစ်၍  သတ်မှတ်ကာလအတွင်း ပြင်ဆင်ဖြည့်စွက်     အတည်ပြု ဆောင်ရွက်ရန်  လိုအပ်မှု၊ မြေပြင် တွင်       လက်ရှိဖြစ်ပေါ်နေမှုနှင့် ကြုံတွေ့ရသည့်     အခက်အခဲ များ၊   ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်       သတ်မှတ် ကာလအတွင်းပြီးစီးအောင်  စီမံ ဆောင်ရွက်ထားရှိမှုများ    တင်ပြ ဆောင်ရွက်နိုင်ရေး၊   ပြည်သူကို ထိရောက်သော   ဝန်ဆောင်မှုများ ပေးနိုင်ရေးအတွက်    ဝန်ထမ်း အားလုံး         ဆက်ဆံရေးပြေပြစ် ကောင်းမွန်ရန်နှင့်    မှန်ကန်သော အချက်အလက်များ    ဖြစ်စေရေး အတွက်  အဆင့်ဆင့်တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့်  ကွပ်ကဲကြပ်မတ် ဆောင်ရွက်ရေး   ကိစ္စရပ်များနှင့် စပ်လျဉ်း၍   ရှင်းလင်းပြောကြား သည်။ 
ထို့နောက်     ပြည်ထောင်စု နယ်မြေ တိုင်းဒေသကြီး၊ ပြည်နယ် ဦးစီးမှူးများက       ကိုင်ဆောင် ကတ်ပြား  ထုတ်ပေးပြီးသူများကို e-ID Server ဖြင့်  ဖြည့်သွင်း၍ အချက်အလက်များ    တိုက်ဆိုင် စိစစ်ပြင်ဆင်  ဖြည့်စွက်အတည်ပြု ဆောင်ရွက်နေမှု၊  အချက်အလက် မှားယွင်းမှုများအပေါ်     မြို့နယ် အလိုက် သတ်မှတ်ကာလအတွင်း အချိန်မီပြင်ဆင်အတည်ပြုနိုင်ရေး အတွက်    ညွှန်ကြားချက်များနှင့် အညီ  ဆောင်ရွက်နေမှုနှင့် တွေ့ကြုံ ရသည့်   အခက်အခဲများ၊  ဖြေရှင်း  ဆောင်ရွက်သွားမည့်   နည်းလမ်း များကို    ရှင်းလင်းတင်ပြကြရာ အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အီလက်ထရောနစ်    မှတ်ပုံတင် စနစ်ဦးစီးဌာန  ညွှန်ကြားရေးမှူး ချုပ်တို့က      လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။ 
ထို့နောက် ဒုတိယဝန်ကြီးက လုပ်ငန်း     လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်း  ဆောင်ရွက် ပေးပြီး   ယခုလုပ်ငန်းစဉ်အားလုံး သည်       နိုင်ငံတော်အတွက် အရေးကြီးသည့်  လုပ်ငန်းစဉ်များ ဖြစ်သည်နှင့်အညီ  အချိန်ကာလ သတ်မှတ်ချက်များအတွင်း ပြီးစီး အောင်  ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်     မှာကြားခဲ့ ကြောင်း သိရသည်။  သတင်းစဉ်