
မနီလာ ဩဂုတ် ၁
ဖိလစ်ပိုင်အစိုးရသည် မနီလာမြို့ ကို လာမည့်သီတင်းပတ်မှ စတင်ကာ တင်းကျပ်သည့် အသွား အလာ ပိတ်ဆို့ကန့်သတ်မှု အောက်တွင် ထားရှိမည်ဟု သိရသည်။
ဗီဇပြောင်းဒယ်လ်တာ ကူး စက်မှု များပြားလာသည့်အတွက် ယခုလို ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဩဂုတ်လ ၆ ရက်မှ ၂၀ ရက်အထိ အဆင့်လေး ကန့်သတ်ချက် အောက်တွင် မနီလာမြို့ကို ထားရှိ မည်ဟု အာဏာပိုင်များက ဇူလိုင် ၃၀ ရက်တွင် ကြေညာခဲ့သည်။
မနီလာမြို့ကို မတ်လအတွင်း မှစတင်ကာ တင်းကျပ်သည့် စည်းကမ်းများ အောက်တွင်ထား ရှိခဲ့သည်။
နေ့စဉ်လိုအပ်သည့် ပစ္စည်း များ ဝယ်ယူရန်နှင့် ဈေးဝယ်ရန် အတွက်မှလွဲ၍ ပြည်သူများကို နေအိမ်ပြင်ပသို့ ထွက်ခွာခွင့် ပိတ်ပင်ထားသည်။ စီးပွားရေး လုပ်ငန်းများအနေဖြင့် လူဦးရေ အနည်းဆုံးဖြင့်သာ လုပ်ကိုင်ရ မည်ဖြစ်သည်။
အဆိုပါ ကြေညာချက်မှာ ပြည်သူများကို ထိခိုက်စေသော် လည်း ဒယ်လ်တာကူးစက်မှုကို ဖြတ်တောက်နိုင်ရေးအတွက် ယခု လို ပြုလုပ်ရခြင်းဖြစ်သည်ဟု ပြောသည်။
ဖိလစ်ပိုင်နိုင်ငံတွင် မကြာ သေးမီရက်ပိုင်းအတွင်း ကူးစက် မှုများ များပြားလာခဲ့သည်။ ဇူလိုင် ၃၀ ရက်တွင် ကူးစက်ခံရသူ အရေ အတွက်မှာ ၈၅၆၂ ဦးအထိ ရှိလာ ခဲ့သည်။
ဗီဇပြောင်း ဒယ်လ်တာ ကူးစက်မှုကြောင့်လည်း စိုးရိမ်မှု များ ပိုမို တိုးပွားလာခဲ့ရသည်။
အင်န်အိတ်ချ်ကေ