
နေပြည်တော် ဇူလိုင် ၉
ချင်းပြည်နယ် မင်းတပ်မြို့နယ် တွင် ရပ်ရွာလူထုများအတွက် ကနဦး အရေးပေါ်အထောက်အပံ့ များအဖြစ် ဆန်အပါအဝင် အစား အသောက်များ၊ တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်း၊ စောင်၊ ဆေးစိမ်ခြင်ထောင်၊ မိသားစုသုံး ပစ္စည်း၊ လက်ဆွဲရေပုံး၊ ပလတ် စတစ်ဖျာ၊ အမျိုးသမီးတစ်ကိုယ် ရည် သန့်ရှင်းရေးသုံးပစ္စည်း၊ မိသားစုသုံးရေစစ်၊ နေရောင်ခြည် စွမ်းအင်သုံးမီးအိမ်၊ တာပေါ်လင်၊ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် လက်သန့်ဆေးရည်နှင့် နှာခေါင်း စည်းများအပါအဝင် ပစ္စည်းစုစု ပေါင်း ၁၇ မျိုးနှင့် ဆေးပစ္စည်း များကို အိမ်ထောင်စု ၄၈၂ စု၊ လူဦးရေ ၁၉၉၀ တို့အတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဌာနချုပ်မှ ညွှန်ကြားရေးမှူး ဒေါ်အေးအေးငြိမ်း ဦးဆောင်သော ဝန်ထမ်းများနှင့် မကွေးတိုင်း ဒေသကြီးမှ ကြက်ခြေနီစေတနာ လုပ်အားရှင်များ စုစုပေါင်း ၁၄ ဦး တို့သည် ဇူလိုင် ၃ ရက်မှ ၈ ရက် အထိ သွားရောက်ဖြန့်ဝေကူညီထောက်ပံ့ခဲ့သည်။
ထို့ပြင် မင်းတပ်မြို့နယ် ကိုဗစ်ကာကွယ် တားဆီးရေး ကော်မတီသို့လည်း #chinstate ဆေးရည်များနှင့် Surgical Mask များ ပေးအပ်ခဲ့သည်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အနေဖြင့် ထိခိုက်ခံစားရသော ရပ်ရွာလူထု များအတွက် လိုအပ်သည့် လူသား ချင်း စာနာထောက်ထားမှု အကူ အညီများကို ဆက်လက်ပေးနိုင် ရန် ကြိုတင်ပြင်ဆင်မှုများနှင့် ညှိနှိုင်းမှုများကို ဆောင်ရွက်လျက် ရှိသည်။
ဝင်းအောင် (MRCS)