မင်းတပ်မြို့နယ် အောက်ချိုင်ရွာကို တပ်မတော်က လေကြောင်းဖြင့် ဗုံးကြဲမှု ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူငါးဦး ဒဏ်ရာရရှိမှုနှင့် ရွှေဘိုမြို့နယ် ရှားတောရွာကို တပ်မတော်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူများ ရွာလုံးကျွတ်ထွ

 

နေပြည်တော်  ဧပြီ  ၆


ချင်းပြည်နယ်    မင်းတပ်မြို့နယ် အောက်ချိုင်ရွာကို   ဧပြီ  ၃  ရက် တွင် တပ်မတော်က လေကြောင်း မှ   ဆင့်ပွားထပ်ဆင့်ပေါက်ကွဲစေ သည့်   Cluster   ဗုံးများဖြင့်  ကြဲချ တိုက်ခိုက်ခဲ့ရာ ကလေးငယ်နှစ်ဦး အပါအဝင် ပြည်သူငါးဦး ဒဏ်ရာ ရရှိခဲ့သည်ဟု     မဟုတ်မမှန် ကောလာဟလ    သတင်းမှားများ ကိုလူမှုကွန်ရက်ပေါ်တွင် ရေးသား ဖြန့်ဝေလျက်ရှိသည်ကို     တွေ့ရှိ ရသည်။ 
သတင်းအမှားဖြစ်
ဖြစ်စဉ်အရ     ဧပြီ   ၃   ရက်  တွင် တပ်မတော်က လေကြောင်း ဗုံးကြဲ    တိုက်ခိုက်သည်ဆိုသည့် သတင်းမှာ   သတင်းအမှားသာ ဖြစ်ကြောင်းနှင့်     ထိုနေ့တွင် လေကြောင်းပျံသန်းမှု မရှိကြောင်း ကို        သက်ဆိုင်ရာနယ်မြေရှိ လုံခြုံရေး  တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
အလားတူ  ယနေ့နံနက်တွင် ရွှေဘိုမြို့နယ်    ရှားတောရွာကို တပ်မတော်က    စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ ဖျက်ဆီးမှုကြောင့်     ပြည်သူများ ရွာလုံးကျွတ်      ထွက်ပြေးနေရ ကြောင်း       မဟုတ်မမှန်ရေးသား ဖော်ပြထားသည်ကို တွေ့ရှိရပြီး  ဖြစ်စဉ်အမှန်မှာ   အဆိုပါကျေးရွာ တွင်      အကြမ်းဖက်သမားများ ခိုအောင်း      လှုပ်ရှားလျက်ရှိ ကြောင်း အကြမ်းဖက်မှုကို မလို လားသော ဒေသခံပြည်သူအချို့၏ သတင်းပေးပို့ချက်အရ  လုံခြုံရေး တပ်ဖွဲ့များမှ      နယ်မြေလုံခြုံရေး သွားရောက်ဆောင်ရွက်မှုကို PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်း၊     Drop   ဗုံးချ တိုက်ခိုက်ခြင်းများ    လုပ်ဆောင် ကာ  ကျေးရွာရှိ နေအိမ်အချို့ကို မီးရှို့     ဖျက်ဆီးမှုများကြောင့် ဒေသခံပြည်သူများ      ဘေးလွတ် ရာသို့ ထွက်ပြေးတိမ်းရှောင်မှုများ ရှိကြောင်း သိရှိရသည်။
အထင်အမြင်လွဲစေရန်
အကြမ်းဖက်      အားပေး ပြည်ဖျက်     မီဒီယာများသည် အကြမ်းဖက်      သမားများ၏ လုပ်ရပ်များကို      ပြည်သူလူထုမှ တပ်မတော်အပေါ် အထင်အမြင် လွဲမှားသွားစေရန်     သတင်းတု သတင်းမှားများကို   အချိန်ကိုက် ရေးသားဖြန့်ဝေကာ     ဝါဒဖြန့်ချိ နေခြင်းသာဖြစ်ကြောင်း  သတင်း  ရရှိသည်။                

သတင်းစဉ်