မင်းသားကြီးမြင့်စိုးနှင့် ရုပ်ရှင်စကားဝိုင်း(ဒုတိယပိုင်း)

Type
၁

မြန်မာ့ရုပ်ရှင်နှစ်တစ်ရာပြည့်အထိမ်းအမှတ်

===========================

 

 

မင်းသားကြီးမြင့်စိုးနှင့် ရုပ်ရှင်စကားဝိုင်း(ဒုတိယပိုင်း)

 

================================

 

တွေ့ဆုံမေးမြန်း

ဒါရိုက်တာ ကြည်စိုးထွန်း

========

 

ဒီတစ်ပတ်စကားဝိုင်းမှာ ပြောမယ့်မင်းသားကတော့ လူချောမင်းသားလို့ ပြောရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ လူချောလူလှမင်းသားတွေထဲက ကံအားလျော်စွာကျန်နေတဲ့ မင်းသားတစ်ဦးနဲ့ ရုပ်ရှင်စကားဝိုင်းကို ပြောကြားမှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ သူ့ကိုမင်းသားကြီးလို့ပဲ ခေါ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့နာမည်က အင်မတန် နာမည်တူများပါတယ်။ ကျွန်တော်နဲ့ ပထမဆုံးရုပ်ရှင်စကားဝိုင်းမှာ စပြီးတော့ဆွေးနွေးတဲ့ပုဂ္ဂိုလ်ကလည်း ရုပ်ရှင်မှာဘီအေဘွဲ့ရတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ သူ့နာမည်က ဦးမြင့်စိုး ဖြစ်ပါတယ်။

 

ထို့အတူပဲ ကျွန်တော့်ရဲ့မိတ်ဆွေပေါ့လေ၊ သူငယ်ချင်း လောလောဆယ်ဒါရိုက်တာလုပ်နေတဲ့ မြင့်စိုး(ဝ/သ) ဆိုတာလည်း တစ်ယောက်ရှိပါတယ်။ မြင့်စိုးဆိုတဲ့နာမည်တွေက ပေါများတဲ့အတွက် ကျွန်တော်နဲ့ အခုစကားပြောမယ့် လူချောလူလှ မင်းသားကြီးမြင့်စိုးကို မင်းသားကြီးလို့ပဲ ကျွန်တော်က ခေါ်ဝေါ်လေ့ရှိပါတယ်။ အခုကျွန်တော်နဲ့ မင်းသားကြီးမြင့်စိုးနဲ့ ရုပ်ရှင်စကားဝိုင်းကို စတင်မှာဖြစ်ပါတယ်။

 

(၁၃-၉-၂၀၂၀ ရက်နေ့မှအဆက်)

မင်းသားကြီးမြင့်စိုး။ ။ ကျွန်တော် ဒိုင်ယာလော့ဒ်အရှည်ကြီးကို အဲဒီလို ပြောခဲ့ရတယ်။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ အဲဒါ “ဤရူပ” ပေါ့နော်။

မင်းသားကြီးမြင့်စိုး။ ။ “ဤရူပ” ပါ ဆရာ။

ကြည်စိုးထွန်း။ ။ “ဤရူပ”မှာ ဘာပဲဖြစ်ဖြစ် တကယ့်သမ္ဘာရင့် ဝါရင့် ပေါ့လေ ဟာသပညာရှင်ကြီးနဲ့လည်း တွဲရတယ်။

နောက် တကယ့်သမိုင်းဝင်တဲ့ ဒါရိုက်တာ ဗိုလ်ထွန်းလှ (တက္ကသိုလ်နေဝင်း)နဲ့လည်း ဆုံခဲ့ရတာပေါ့။ နောက်တစ်ခုကျတော့ ဗိုလ်ကလေး တင့်အောင် ရဲ့ . . .။

မင်းသားကြီးမြင့်စိုး။ ။ ဟုတ်ပြီ။

ကြည်စိုးထွန်း။ ။ musical musical မင်းသား၊ မင်းသားချော မင်းသား လှကို တစ်ခါတည်း အဲဒီမှာရိုက်တဲ့ကားက ဒီဟာ

သိပ်နာမည်ကြီးတာပဲနော် နှောင်ကြိုးသီချင်းကို ရရင်ဆိုပါဦး။

မင်းသားကြီးမြင့်စိုး။ ။ သီချင်းတော့ ကျွန်တော်မရတော့ဘူး။

ကြည်စိုးထွန်း။ ။ ဟား ဟား ဟား။

မင်းသားကြီးမြင့်စိုး။ ။ နှောင်ကြိုးကို ငင်ပါ့မယ်လေ။

ကြည်စိုးထွန်း။ ။ ဟုတ်တယ် ကောင်းလိုက်တဲ့ အဲဒီသီချင်း။

မင်းသားကြီးမြင့်စိုး။ ။ ပြဇာတ်မှာကတည်းကိုက အောင်မြင်တာ။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ ပြဇာတ်တုန်းက ခင်မောင်မြင့်က။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ ပြဇာတ်မှာအောင်မြင်တော့ သုခုမရုပ်ရှင်က ဒေါ်နန်း ကနေပြီးတော့ မောင်တင့်အောင်။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ မင်း နှောင်ကြိုးကိုငင်ပါ့မယ် ပြန်ဆိုတော့ ဟာ ကောင်းတယ်ဆိုတော့။ ကျွန်တော် ကြားတာ

ပြောမယ်နော်။ အဲဒီမှာ ကျွန်တော့်ရဲ့ အဖေလုပ်မယ့်ပုဂ္ဂိုလ်က ဇာတ်လမ်းအရ ကျွန်တော်က သူတောင်းစားသားဖြစ်မယ်။

ကြည်စိုးထွန်း။ ။ ဪ။

မင်းသားကြီးမြင့်စိုး။ ။ သူတောင်းစားကြီးရဲ့သား။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ သူတောင်းစားကြီးကလည်း သူတောင်းစားမျိုးရိုး မဟုတ်ဘူး။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ သူက ငယ်ငယ်တုန်းက အပျော်အပါးလိုက်စား ပြီးတော့ ခြေတစ်ဖက်ဆာသွားပြီး ခြေတစ်ဖက်

ဆွံ့သွားတဲ့အတွက် အလုပ်လုပ်ကိုင်လို့မရလို့ တောင်းစားနေတဲ့ဘဝ။

ကြည်စိုးထွန်း။ ။ ဪ။

မင်းသားကြီးမြင့်စိုး။ ။ သူနဲ့ရတဲ့သား ကျွန်တော်ပေါ့။ သူတောင်းစားမျိုးရိုး တော့ မဟုတ်ဘူးပေါ့ ဆရာရယ်။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ သူတောင်းစားရဲ့သား ဖြစ်သွားတယ်ပေါ့။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ အဲဒီသူတောင်းစားရဲ့နေရာမှာ ပထမတုန်းက ဆရာဦးသုခနဲ့ ရိုက်ဖို့။

ကြည်စိုးထွန်း။ ။ အဲဒါ အစ်ကိုလေးပြောတယ်။ တစ်သောင်း တောင်းတယ်ဆိုလား မသိဘူး။

မင်းသားကြီးမြင့်စိုး။ ။ ဆရာဦးသုခကလည်းပဲ ဟိုမှာ “ဂုဏ်ရည်မတူ” မှာ သူတောင်းစား။ အောင်မြင်ထားပြီးသား။

ကြည်စိုးထွန်း။ ။ ကန်ထရိုက် ရထားတာ။

မင်းသားကြီးမြင့်စိုး။ ။ အောင်မြင်ထားပြီးသား သူတောင်းစား။ ဘိုကယ်ကို ရထားပြီးသား သူတောင်းစား။ certificate ရပြီးသား။

အဲဒီတော့ရိုက်မယ်ဆိုတော့ တကယ့်တကယ်ရိုက်တော့ ဆရာဦးသုခကလည်း မကျန်းမာလို့လား၊ အလုပ်များလို့လား ငါမရိုက်တော့ဘူးပေါ့ မောင်တင့်အောင် မင်းပဲလုပ်ပါတော့ဆိုတော့ ဗိုလ်ကလေးတင့်အောင်က သူကိုယ်တိုင်လုပ်တယ်။ သူကအဖေ၊ ကျွန်တော်ကသား။ ဆိုတော့ ကျွန်တော့်ကို ဟိုကနေပြီးတော့ တင်တင်မူတို့အဖေက ဦးကျော်သောင်း။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ ဦးကျော်သောင်းကြီးက သူကဇာတ်ထုပ်အရ ဇာတ်လမ်းအရ သူကနူနာစွဲကပ်နေပြီ။ နူနာစွဲကပ်

နေတော့ အိမ်ထဲက အိမ်ပြင်မထွက်ရဲဘူး။ မထွက်ရဲတော့ တင်တင်မူက တက္ကသိုလ်ကျောင်းသူ။ ကျွန်တော်က တက္ကသိုလ်ကျောင်းနေတယ်။ သူတောင်းစားသားပေမယ့် တက္ကသိုလ်ကျောင်းနေတယ်ပေါ့ဗျာ။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ ကျောင်းနေတော့ လူငယ်ချင်းချစ်ကြ၊ ကြိုက်ကြတယ်။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ အဲဒီတော့သူတို့က သူတောင်းစားသားဆိုပြီးတော့ ခွဲတယ်ပေါ့။

ကြည်စိုးထွန်း။ ။ သူတောင်းစားသားနဲ့ လက်ပရိုစီ (Laprosy) သမီးနဲ့ သွားတွေ့တာ ဟားဟားဟား။

မင်းသားကြီးမြင့်စိုး။ ။ လက်ပရိုစီ သမီးနဲ့ ခွဲတာပေါ့ဗျာ။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ လက်ပရိုစီ သမီးကလည်းပဲ အပျော်အပါး ဇာတ်လမ်း ရည်ရွယ်ချက်ကောင်းတယ်။ အပျော်အပါးလိုက်လို့

လက်ပရိုစီ ဖြစ်သွားတာ။

ကြည်စိုးထွန်း။ ။ ဪ။

မင်းသားကြီးမြင့်စိုး။ ။ ဦးကျော်သောင်းကြီးက။ ဟိုကလည်း သူတောင်းစား ဖြစ်ရတာလည်း အလုပ်ကိုမလုပ်ဘဲနဲ့ ငပျင်းကြီး

ငဖျင်းကြီးဖြစ်ပြီးတော့ ငတ်ပြတ်ပြီးတော့ အရူးအမူးအရက်တွေသောက် ဘာတွေသောက်ပြီးတော့နေတဲ့အတွက် သူတောင်းစားဖြစ်တာ။

ကြည်စိုးထွန်း။ ။ သူတောင်းစားဖြစ်ရတာ။

မင်းသားကြီးမြင့်စိုး။ ။ သူ့ရည်ရွယ်ချက်က ဒီလို။ အဲဒီမှာ လက်ပရိုစီ သမီး ဖြစ်ပေမယ့် တင်တင်မူနဲ့ သဘောမတူဘူးတဲ့

ဆွေမျိုးအသိုင်းအဝိုင်းက။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ ကျွန်တော်နဲ့ခွဲတာ။ ခွဲတော့ မင်္ဂလာဆောင်ခါနီးကျမှ ခွဲတော့ ကျွန်တော်က ရင်ကွဲတာပေါ့ ဆရာရယ်။

ရင်ကွဲတော့ ကျွန်တော်ကလွမ်းတာပေါ့။ အဲဒါလေးတော့ သတိရတယ်။

ကြည်စိုးထွန်း။ ။ ဟုတ်။

မင်းသားကြီးမြင့်စိုး။ ။ . . . သောက်တော်ဘူးရယ်က အိုမကွာ အိုမကွာ. . . ဆိုပြီးတော့ သီချင်းလေးနဲ့ ဆိုပြီးတော့ လွမ်းတယ်။

လွမ်းတော့ ကျွန်တော့်အလွမ်းကို ရိုက်နေတော့ ဒါရိုက်တာဗိုလ်ကလေး တင့်အောင်လည်း ဘေးကကြည့်ပြီးတော့ အလွမ်းနဲ့သူတို့ရိုက်တယ် တော်တော် subject က ပြတ်နေပြီ။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ ကတ်လုပ်ဖို့ ဆရာမေ့နေတယ်။

ကြည်စိုးထွန်း။ ။ အလွမ်းထဲကို မျောသွားတာ။

မင်းသားကြီးမြင့်စိုး။ ။ ဆရာမျောလွင့်ပြီးတော့။

ကြည်စိုးထွန်း။ ။ မျောသွားတာ။

မင်းသားကြီးမြင့်စိုး။ ။ ကင်မရာမန်းက ဦးကြိုင်။

ကြည်စိုးထွန်း။ ။ ဦးခိုင်ရဲ့ အစ်ကိုထင်တယ်။ ရုပ်ရှင်မင်းသမီး တင်တင်လှရဲ့ အဖေ။

မင်းသားကြီးမြင့်စိုး။ ။ ဦးကြိုင်ကနေပြီးတော့ ရပ်တော့မလားဆိုတော့ ရပ်လည်းရပ်ရော ဟာကွာတဲ့ ကျုပ်လည်းဗျာတဲ့

မောင်မြင့်စိုး ငိုတာကြည့်ပြီးတော့ ကျုပ်ကမျက်ရည်ကျတယ် ဒါရိုက်တာ မျက်ရည်ကျတဲ့ ဇာတ်ထုပ် ဒါပဲ။

ကြည်စိုးထွန်း။ ။ ဪ။

မင်းသားကြီးမြင့်စိုး။ ။ ဘေးကနေ ကျွန်တော့်အလွမ်းကိုကြည့်ပြီး ကျွန်တော့်ကိုသနားပြီး မျက်ရည်ကျတယ်။

ကြည်စိုးထွန်း။ ။ သူ့ဇာတ်ထုပ်ကို။

မင်းသားကြီးမြင့်စိုး။ ။ သူ့ဇာတ်ထုပ်ကို သူကိုယ်တိုင်ခံစားပြီးတော့ မျက်ရည်တွေ ဘာတွေကျပြီးတော့ အေးကွာတဲ့

ဒီကောင်မြင့်စိုးကို ကြည့်ပြီးတော့ ငါတောင်သနားတယ်ပေါ့။

ကြည်စိုးထွန်း။ ။ ကိုယ့်ဆေးနဲ့ကိုယ် ဒုက္ခရောက်သွားတယ်၊ ကိုယ့်ဆေးကိုယ်ဖော်စားပြီးတော့ ဟားဟားဟား။

မင်းသားကြီးမြင့်စိုး။ ။ ဇာတ်ထုပ်က အလွန်ပဲသိပ်ကောင်းတယ်ဆရာ။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ ပြောတယ်။

မင်းသားကြီးမြင့်စိုး။ ။ အဲဒီဇာတ်လမ်းက “နှောင်ကြိုးကို ငင်ပါ့မယ်” သုခုမရုပ်ရှင်က။

ကြည်စိုးထွန်း။ ။ သီချင်းလည်းသိပ်ကောင်းတာပဲ နှောင်ကြိုးကို ငင်ပါ့မယ်။

မင်းသားကြီးမြင့်စိုး။ ။ မအောင်မြင်တဲ့ ရုပ်ရှင်မှာ မအောင်မြင်တဲ့အကြောင်း တစ်ခုကျွန်တော်သွားတွေ့တယ်။ အဲဒီဇာတ်ထုပ်

တင်တဲ့အချိန်မှာ အခုလိုပေါ့ အခုခေတ်လိုဆို ဂလုပ်မှာရုံတင်တယ် ဟိုတုန်းက ဂလုပ်။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ ဂုဏ်ရုံပေါ့ ဆရာရယ်။

ကြည်စိုးထွန်း။ ။ သိပါတယ်ခင်ဗျ။

မင်းသားကြီးမြင့်စိုး။ ။ အဲဒီမှာတင်တော့ ရုပ်ရှင်တင်တဲ့ခေတ်တုန်းက  ရန်ကုန်တစ်မြို့လုံး တုပ်ကွေးဖြစ်နေတယ်

ဆရာရေ။ စာမျn စာမျက်နှာ ၂၂ မှ

ကြည်စိုးထွန်း။ ။ အင်း ကံပေါ့နော်။

မင်းသားကြီးမြင့်စိုး။ ။ ကံပေါ့ ဆရာ။

ကြည်စိုးထွန်း။ ။ သုခုမ သုခုမ။

မင်းသားကြီးမြင့်စိုး။ ။ အဲဒီအချက်နှစ်ချက်သွားတွေ့တယ်၊ တုပ်ကွေးဖြစ်နေ တော့ လူတွေမလာ အအေးခန်း မဟုတ်လားဆရာရဲ့။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ လာမကြည့်ရဲကြဘူး။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ ရုပ်ရှင်ရုံသွားဖို့ အပြင်မထွက်ကြဘူး။ အခုလိုပေါ့ အခုခေတ်လိုပေါ့ ဝက်တုပ်ကွေးလိုပေါ့ ဆရာရယ်။

ကြည်စိုးထွန်း။ ။ ဟုတ်ပါတယ်။

မင်းသားကြီးမြင့်စိုး။ ။ အပြင်သိပ်မထွက်ကြဘူး။

ကြည်စိုးထွန်း။ ။ အမှန်က ပြဇာတ်တုန်းက မေရီမြင့်နော်။

မင်းသားကြီးမြင့်စိုး။ ။ ပြဇာတ်တုန်းက မေရီမြင့်။

ကြည်စိုးထွန်း။ ။ မေရီမြင့် သူ့အသံလေးနဲ့ဆိုထားတာ နှောင်ကြိုးကို ငင်ပါ့မယ် သူ့အသံလေးနဲ့ ကောင်းတယ်နော်။

မင်းသားကြီးမြင့်စိုး။ ။ ဟုတ်တယ်။

ကြည်စိုးထွန်း။ ။ ကြည်ကြည်ဌေးအသံနဲ့လည်း ကောင်းတာပဲ၊ အဲဒီ သီချင်းလေးကတော့ တော်တော်လေးကို ဒီနေ့အထိ

လည်း ပြန်ပြန်ဆိုနေကြတာပေါ့လေ။

မင်းသားကြီးမြင့်စိုး။ ။ ဟုတ်တယ်။

ကြည်စိုးထွန်း။ ။ တကယ့်ကို ဟိုဒင်းဖြစ်တဲ့ နာမည်လေးပါပဲ၊ သီချင်း လေးပါပဲ popular တော်တော်ဖြစ်ခဲ့တယ်၊ လူတိုင်း

ကြိုက်ခဲ့ပါတယ်။

မင်းသားကြီးမြင့်စိုး။ ။ ကျွန်တော်က အဲဒီမှာ သတိရတာက မအောင်မြင်တဲ့ အကြောင်းလေးတစ်ခု သွားသတိရတယ်။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ အဲဒီတုပ်ကွေးဖြစ်တဲ့ အကြောင်းရယ်။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ ဒါကျွန်တော့်အမြင်ပေါ့ဆရာရယ်။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ အဲဒီတုန်းက အစိုးရကနေပြီးတော့ ကယ်ပါတွေကို ကယ်တဲ့ဇာတ်ထုပ်၊ ကယ်ပါတွေကို တကယ့်ကယ်ပါ

တွေနဲ့ ရိုက်တာ။

ကြည်စိုးထွန်း။ ။ ဪ။

မင်းသားကြီးမြင့်စိုး။ ။ ကယ်ပါအခန်းပေါ့လေ။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ ကယ်ပါတွေနဲ့ရိုက်တော့ အဲဒီဟိုဒင်း ညောင်ဦးတို့ ဘာတို့လား။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ အဲဒီကယ်ပါတွေရှိတဲ့နေရာ။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ အဲဒီမှာသွားရိုက်တော့ တချို့ကလည်း ကယ်ပါအစစ် နဲ့ ရိုက်ထားတယ်ဆိုတော့ သိပ်ပြီးတော့ မကြည့်

ချင်တဲ့ပရိသတ်။

ကြည်စိုးထွန်း။ ။ ဪ အနိဋ္ဌာရုံကို မကြည့်ချင်တဲ့။

မင်းသားကြီးမြင့်စိုး။ ။ အနိဋ္ဌာရုံ အဲဒါမျိုးပေါ့ဆရာရယ်။ ဒါရိုက်တာ တစ်ယောက် ရိုက်သွားတဲ့ ဇာတ်ထုပ်တစ်ထုပ်

အနိဋ္ဌာရုံတစ်ခုနဲ့ ပြခဲ့တဲ့အတွက် အောင်မြင်သင့်သလောက် မအောင်မြင်တာ ကျွန်တော်သွားတွေ့တယ်။

ကြည်စိုးထွန်း။ ။ ဒီလိုလည်း ရှိတတ်ပါတယ်ဆိုတာ။

မင်းသားကြီးမြင့်စိုး။ ။ အဲဒါတော့ ကျွန်တော်  ထုတ်ဖော်မပြောတော့ဘူးနော် အဲဒါတွေရှိတယ်။

ကြည်စိုးထွန်း။ ။ ရှိတတ်တာပေါ့နော်။

မင်းသားကြီးမြင့်စိုး။ ။ ကျွန်တော်တို့ ရုပ်ရှင်က မိတ်ကပ်ပဲဆရာရယ်။

ကြည်စိုးထွန်း။ ။ မှန်တာပေါ့။

မင်းသားကြီးမြင့်စိုး။ ။ တကယ့်တကယ် real အတိုင်းလုပ်လို့မရဘူးဆရာ။

ကြည်စိုးထွန်း။ ။ မှန်ပါတယ် တစ်ခါတလေ အစစ်နဲ့လုပ်လို့ မရတာတွေ ရှိပါတယ်။ သဘာဝကျဖို့ဆို သဘာဝအတိုင်း ရိုက်ရင်

ဘယ်လိုလုပ်ဖြစ်မလဲနော်။

မင်းသားကြီးမြင့်စိုး။ ။ ဟုတ်တယ်။

ကြည်စိုးထွန်း။ ။ အဲဒီတော့ ဒီဟာလည်း မှတ်မှတ်သားသားရှိပါတယ်။ “နှောင်ကြိုးကို ငင်ပါ့မယ်” ထဲက နောက်တစ်ခုက

ဒါရိုက်တာ အကယ်ဒမီရသွားတဲ့ကား။

မင်းသားကြီးမြင့်စိုး။ ။ ဟုတ်ကဲ့။

ကြည်စိုးထွန်း။ ။ ဒါရိုက်တာ အကယ်ဒမီရသွားတယ်။ အဲဒီဒါရိုက်တာ လည်း ကျွန်တော်သိပ်သဘောကျတယ်။ ဘာလို့

သဘောကျလဲဆိုတော့ ကျွန်တော်တို့ သံစုံသွင်းခေတ်ကတည်းက သူက တက္ကသိုလ် ဝင်းဖေဆိုပြီးတော့ နာမည်ကြီးတယ်။

မင်းသားကြီးမြင့်စိုး။ ။ ဟုတ်ကဲ့။

ကြည်စိုးထွန်း။ ။ သံစုံသွင်းခေတ်ကတည်းက ကျွန်တော်တို့ ကျော်ဆွေ နှစ်ကိုယ်ခွဲ၊ မြင့်မြင့်ခင်နဲ့ “စောရစံရှား”။

မင်းသားကြီးမြင့်စိုး။ ။ “စောရသက်ပြင်းလား”။

ကြည်စိုးထွန်း။ ။ “စောရသက်ပြင်းလား”ကောင်းကောင်း မမှတ်မိ တော့ဘူး။ “စောရသက်ပြင်း” ထင်တယ်။ “စောရ

စံရှား”က ရှေးတုန်းကကား။

မင်းသားကြီးမြင့်စိုး။ ။ တင်ဖေနဲ့ ကျော်ဆွေတို့ရဲ့ “စောရစံရှား”။

ကြည်စိုးထွန်း။ ။ ကျော်ဆွေခေတ်က “စောရစံရှား”။ အခုက စောရ သက်ပြင်းနဲ့ စောရလား မမှတ်မိတော့ဘူး။ အဲဒါ

ကတော့ တက္ကသိုလ်ဝင်းဖေပေါ့။

မင်းသားကြီးမြင့်စိုး။ ။ ဟုတ်ကဲ့။

ကြည်စိုးထွန်း။ ။ အခုတက္ကသိုလ်ဝင်းဖေက အဲဒီလို ရိုက်ရိုက်လာတာ တကယ်လည်း ဒါရိုက်တာပညာမှာ တကယ်တော်တဲ့

ပုဂ္ဂိုလ်ပါပဲ။ အဲဒီတော့ မင်းသားကြီးတို့နဲ့ ရိုက်တဲ့ “ပြည်တန်တဲ့ကျည်ဆံ” မှာ။

မင်းသားကြီးမြင့်စိုး။ ။ “ပြည်တန်တဲ့ ကျည်ဆံ”။

ကြည်စိုးထွန်း။ ။ သူ အကယ်ဒမီရသွားတယ်။ သူကတော့ ကျွန်တော် လေးစားတဲ့ ဒါရိုက်တာထဲမှာ သူတစ်ယောက် ပါပါ

တယ်။

မင်းသားကြီးမြင့်စိုး။ ။ ဟုတ်ကဲ့။

ကြည်စိုးထွန်း။ ။ ငယ်ငယ်လေးကတည်းကလည်း သဘောကျတဲ့ ဒါရိုက်တာကြီးပေါ့။ သူလည်း ငယ်ငယ်ရွယ်ရွယ်နဲ့

ဆုံးသွားတာ။

မင်းသားကြီးမြင့်စိုး။ ။ ဟုတ်တယ်။

ကြည်စိုးထွန်း။ ။ တော်တော်ငယ်ငယ်နဲ့ ဆုံးသွားရှာတယ်။ တက္ကသိုလ် ဝင်းဖေပါ။ အဲဒါကတော့ မင်းသားကြီးတို့နဲ့ ရိုက်သွား

တဲ့ “ပြည်တန်တဲ့ကျည်ဆံ”။ နောက်တစ်ခုက “ဘဝကြင်ဖော်”။

မင်းသားကြီးမြင့်စိုး။ ။ ဟုတ်ကဲ့။

ကြည်စိုးထွန်း။ ။ ရီရီစံနဲ့။

မင်းသားကြီးမြင့်စိုး။ ။ “ပြည်တန်တဲ့ကျည်ဆံ” မှာ ဒါရိုက်တာက အကယ်ဒမီ ရတယ်လေဆရာ။

ကြည်စိုးထွန်း။ ။ ဟုတ်တယ် ရတယ်လေ။

မင်းသားကြီးမြင့်စိုး။ ။ အဲဒီမှာလည်း ပြောပြဦးမယ်ဆရာ။

ကြည်စိုးထွန်း။ ။ ပြောပါဦး။

မင်းသားကြီးမြင့်စိုး။ ။ အကယ်ဒမီပွဲမှာ။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ ဟိုကနေပြီးတော့ ဒါရိုက်တာတက္ကသိုလ်ဝင်းဖေလို့ ကြေညာလည်းကြေညာရော သူက ကျွန်တော့်ကို

လာပြေးပြီးတော့ အတင်းလာဖက်တာ။

ကြည်စိုးထွန်း။ ။ ဟုတ်လား။

မင်းသားကြီးမြင့်စိုး။ ။ မင်းသားကြီးရယ် မောင်မြင့်စိုး မင်းကောင်းလွန်းလို့ ငါရတာပါကွာ၊ ကျွန်တော်မမေ့နိုင်ဘူး။

ကြည်စိုးထွန်း။ ။ ဪ ဟုတ်ပြီ။

မင်းသားကြီးမြင့်စိုး။ ။ အဲဒီလိုပဲ ကျွန်တော်လွဲခဲ့ရတဲ့ ဥစ္စာတွေရှိတာပေါ့။ အဲဒီ “ပြည်တန်တဲ့ကျည်ဆံ”မှာ ကျွန်တော်လွဲခဲ့ရတာ။

နောက် ခုနက ကျွန်တော်ပြောဖူးတဲ့ ကြည်ကြည်ဌေးနဲ့ “မိမိကြီး” မှာ။

ကြည်စိုးထွန်း။ ။ ဪ။

မင်းသားကြီးမြင့်စိုး။ ။ ကျွန်တော်ချစ်မောင်က မင်းသားမောင်ရင် မင်းအကယ်ဒမီပဲ အကယ်ဒမီပဲတဲ့။

ကြည်စိုးထွန်း။ ။ ဪ သူက။

မင်းသားကြီးမြင့်စိုး။ ။ ကျွန်တော်က ကျော်ဇောကြီးရဲ့သား မြင်းလှည်းသမား လုပ်ရတယ်။ ချစ်လှ သိပ်ကောင်းတယ် ဆရာရယ်။

အဲဒီမှာ ဘာသွားသတိရလဲဆိုတော့ ကျွန်တော်က “မာယာကြာခြည်” တုန်းက ကြည်ကြည်ဌေးနဲ့။ ကျွန်တော်က သူဌေးသား။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ သူက ကချေသည်ဆိုတော့ ကျွန်တော့်ကို သူက ဇာတ်လမ်း ဇာတ်ကွက်ထဲမှာ ဟိုပေါ့လေ နာမည်

တော့ မေ့နေပြီပေါ့။ ကိုကျော်တင့်လား၊ ဘာလား ထားပါတော့ ဆရာရယ်။ မောင်တို့ကတော့ သူဌေးသားပါ။ သူကတော့ ကချေသည်ပဲဖြစ်တဲ့အတွက် သူ့ကို ပစ်သွားမှာလား၊ မပစ်ပါဘူးကွယ် တကယ်လားလို့မေးတော့ ဒါရိုက်တာက ကျွန်တော့်ကို မသင်ပေးထားပေမယ့် ကျွန်တော်က တကယ်မဟုတ်ဘူး နှစ်ကယ် နှစ်ကယ်လို့ ပြောလိုက်တယ်။ ဟာ မင်းသား မောင်ရင်က တယ်တော်ပါလားတဲ့။ တစ်ခါချီးကျူးတယ် ဒီလိုဖြစ်ရမှာပေါ့တဲ့။ နောက်တစ်ခါကျ အဲဒီ “မိမိကြီး” ကျတော့ ကျွန်တော်က မြင်းလှည်းသမားသားဆိုတော့ သိမ်ငယ်တဲ့ဘဝနဲ့ လုပ်ရတာပေါ့။ အဲဒီတော့ သိမ်သိမ်ငယ်ငယ်လေးပြောတော့ ဟာ မင်းကလည်း အပြောင်းအလဲတယ်တော်ပါလားဆို ကြည်ကြည်ဌေးက ချီးကျူးတာပေါ့ ဆရာရယ်။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ အဲဒီတော့ နာမည်ကျော်တဲ့ပုဂ္ဂိုလ်တွေရဲ့ ချီးကျူးခြင်း ခံရတော့။

ကြည်စိုးထွန်း။ ။ ဒါပေါ့လေ။

မင်းသားကြီးမြင့်စိုး။ ။ ကျွန်တော်ပီတိဖြစ်ရတာပေါ့။

ကြည်စိုးထွန်း။ ။ တကယ့်ဆုလာဘ်ပါပဲ။

မင်းသားကြီးမြင့်စိုး။ ။ ဒါဆုလာဘ်ပေါ့ ဆရာရယ်။

ကြည်စိုးထွန်း။ ။ မှန်ပါတယ်။

မင်းသားကြီးမြင့်စိုး။ ။ အဲဒါလေး ပြောပြချင်လို့ပါ။

ကြည်စိုးထွန်း။ ။ မှန်ပါတယ် ဆုလာဘ်ပါပဲ ပီတိဖြစ်ရတာပေါ့နော်။

မင်းသားကြီးမြင့်စိုး။ ။ ဟုတ်တယ်။

ကြည်စိုးထွန်း။ ။ ကောင်းပါတယ်ခင်ဗျာ။ နောက်ကျတော့ “ဘဝ ကြင်ဖော်” နော်။ “ဘဝကြင်ဖော်” ပြီးတော့ နောက်

“မဟာဗောဓိ” ဦးသက်ရှည်တို့နဲ့ တစ်ခါတစ်ကားရိုက်သေးတယ်နော်။

မင်းသားကြီးမြင့်စိုး။ ။ ဟုတ်တယ်။

ကြည်စိုးထွန်း။ ။ “ပွင့်သောပန်းတိုင်း”။

မင်းသားကြီးမြင့်စိုး။ ။ “ပွင့်သောပန်းတိုင်းမွှေးပါစေ”

ကြည်စိုးထွန်း။ ။ အဲဒါကတော့ ကျွန်တော်တို့အခုထိ ရုပ်ရှင်ထဲမှာ ဇာတ်ရံအဖြစ် ဇာတ်ပို့ဇာတ်ရံအဖြစ် ကျင်လည်

လှုပ်ရှားနေတဲ့ ဒေါ်စန်းစန်းနွဲ့တို့ ဘာတို့လည်း ပါတာပေါ့နော် အဲဒီကားထဲမှာ။ နောက်တစ်ခုက အဓိကပြောချင်တာက မင်းသားကြီးကိုယ်တိုင်ပဲ။

မင်းသားကြီးမြင့်စိုး။ ။ ဟုတ်ကဲ့ဆရာ။

ကြည်စိုးထွန်း။ ။ ဒါရိုက်တာလုပ်ရိုက်ခဲ့တဲ့ ကားပေါ့နော်။

မင်းသားကြီးမြင့်စိုး။ ။ ဟုတ်ကဲ့ဆရာ။

ကြည်စိုးထွန်း။ ။ ဒါပေမဲ့ ကြီးကြပ်ကတော့ ကိုယ့်ရဲ့ဆရာပါပဲ။

မင်းသားကြီးမြင့်စိုး။ ။ ဟုတ်တယ်။

ကြည်စိုးထွန်း။ ။ ကိုယ်ရဲ့ဆရာဖြစ်တဲ့ ဦးချင်းစိန်ကတော့ ကြီးကြပ်။

မင်းသားကြီးမြင့်စိုး။ ။ ဦးချင်းစိန် ကျွန်တော့်ဆရာ။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ ကျွန်တော့်ကို ကြီးကြပ်ခိုင်းပြီးတော့။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ ဆရာကိုယ်တိုင် အဲဒီဟာ ရိုက်တော့။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ ခင်ယုမေနဲ့ပေါ့ဆရာရယ်။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ အဲဒီမှာ အကြောင်းလေးနှစ်ခု သွားသတိရတယ်။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ ခင်ယုမေကို ကျွန်တော်က ဇာတ်လမ်းနဂိုကတည်းက ပြောပြတယ်။ မေရေ ဇာတ်လမ်းထဲမှာ အငြိမ့်

မင်းသမီးလေးလို ကရမယ်ဆိုတဲ့ အခန်းတစ်ခန်းပါတယ်။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ ပါဆယ်ဂိမ်းပေါ့ဆရာရယ်။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ ပါဆယ်ဂိမ်းနှိုက်လိုက်တော့ ကျွန်တော်က ဝန်ကြီး လို ကပြရတယ်။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ သူက အငြိမ့်မင်းသမီးလို ကပြရတယ်။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ သူပြောတော့ သူကသိပြီးသား။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ ရိုက်လည်းရိုက်ရော Scene ပေါ် on scene လည်း ရောက်ရော ဘာပြောလဲဆိုတော့ ခင်ယုမေက

အစ်ကိုတဲ့ မေ ညီမ မကတတ်ဘူးတဲ့။

ကြည်စိုးထွန်း။ ။ ဟားဟား။

မင်းသားကြီးမြင့်စိုး။ ။ ဟာ ညီမရေ စည်းဝါးနားလည်တယ်မဟုတ်လား။

ကြည်စိုးထွန်း။ ။ ဒါပေါ့ အဆိုတော်ဆိုတော့။

မင်းသားကြီးမြင့်စိုး။ ။ စည်းဝါးနားလည်ပေမယ့် ညီမမှမကတတ်ပဲတဲ့။

မင်းသားကြီးမြင့်စိုး။ ။ ကျွန်တော်က ဆရာလုပ်တယ်ပေါ့ ဆရာရယ် သရုပ်ဆောင်က ဉာဏ်ရှိရတယ်။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ ဖြတ်ထိုးဉာဏ်ပေါ့။

မင်းသားကြီးမြင့်စိုး။ ။ ဖြတ်ထိုးဉာဏ် ဒီဇာတ်ထုပ်ထဲမှာ ညီမမေက အငြိမ့် မင်းသမီးအစစ်မဟုတ်ဘူး။

ကြည်စိုးထွန်း။ ။ မှန်တာပေါ့။

မင်းသားကြီးမြင့်စိုး။ ။ ဇာတ်လမ်းအရ အငြိမ့်မင်းသမီးလိုကပြတာ pretend ပေါ့ဆရာရယ်။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ အဲဒီတော့ကပြပါဆိုတော့ မင်းသမီးလိုပဲကပြပါ မင်းသမီးအစစ်မှမဟုတ်ဘဲ။

ကြည်စိုးထွန်း။ ။ မှန်တာပေါ့။

မင်းသားကြီးမြင့်စိုး။ ။ ဟန်ပဲပေါ့ မင်းသမီးပုံစံဖြစ်ပြီးတာပဲ။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ ဆိုတော့ သဘောပေါက်ပြီး နည်းနည်းပြုံးသွားတယ်။ ဟုတ်ပြီတဲ့ အဲဒီလိုဆိုရင် အစ်ကိုရှေ့က ကပြလေတဲ့။

ခုနက ပြောသလိုပေါ့ အဲဒီအက ဝမ်းစာ၊ ရုပ်ရှင်ဝမ်းစာ။ စေတနာဝမ်းစာ ဟုတ်လား။ ဂီတဝမ်းစာတွေ တတ်ထားတဲ့အတွက် ကျွန်တော်ကဒါရိုက်တာ ဘောင်းဘီကြီး နဲ့ ရိုက်လည်းရိုက်၊ မင်းသားလည်းမင်းသား၊ ဒါရိုက်တာလည်း ဒါရိုက်တာဆိုတော့ ကျွန်တော် ပထမကပြတယ်။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ ကျွန်တော်ကပြတော့မှ ကျွန်တော်ကသလို သူက လိုက်ကတယ်။

ကြည်စိုးထွန်း။ ။ ဪ အဲဒီလိုလည်း လုပ်ရတယ်နော်။

မင်းသားကြီးမြင့်စိုး။ ။ ဟုတ်တယ်။

ကြည်စိုးထွန်း။ ။ ဒုက္ခပဲနော်။

မင်းသားကြီးမြင့်စိုး။ ။ နောက်တစ်ခုပြောပြဦးမယ် ဆရာပြောဖူးပါတယ်။ ဆရာနဲ့ ကြုံတုန်းက။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

(ဆက်လက်ဖော်ပြပါမည်)