
နေပြည်တော် မတ် ၁၃
ရခိုင်ပြည်နယ် မင်းပြားမြို့မှ အပြစ်မဲ့ပြည်သူ ၃၀ ကျော်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၃ ရက် အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ က သတ်ဖြတ်ခဲ့ကြောင်းနှင့် စစ်တွေ မြို့မဈေးအတွင်းသို့ ဖေဖော်ဝါရီ ၂၉ ရက်က လက်နက်ကြီးပစ်ခတ်မှု ကြောင့် ပြည်သူ ၂၁ ဦး သေဆုံးခဲ့ ကြောင်း AA အကြမ်းဖက် သောင်းကျန်းသူများ၏ တစ်ဖက် သတ်စွပ်စွဲ ရေးသားထုတ်ပြန်ထား သည့် သတင်းတု၊ သတင်းမှားများ ကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က ပြည်သူများအထင် အမြင် လွဲမှားစေရန်အတွက် လူမှု ကွန်ရက်ပေါ်တွင် လုပ်ကြံဝါဒဖြန့်ဝေ နေသည်ကို တွေ့ရှိရသည်။
AA အကြမ်းဖက်သောင်းကျန်း သူများအနေဖြင့် ရခိုင်ပြည်နယ် အတွင်း ပြည်သူများ ကြောက်ရွံ့ ထိတ်လန့်လာပြီး တည်ငြိမ် အေးချမ်းမှုမရှိစေရန်နှင့် အုပ်ချုပ် မှု ယန္တရားများ ပျက်ပြားစေရန် အတွက် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာများ ကို ထောက်ထားငဲ့ညှာမှုမရှိဘဲ ပြည်သူများနေထိုင်ရာ မြို့၊ ရွာ များအတွင်းသို့ လက်နက်ကြီးများ၊ ရှော့တိုက်ဒုံးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် တပ်မတော် အပေါ်အပြစ်ပုံချကာ ပြည်သူများ အထင်အမြင်လွဲမှားစေရန် မဟုတ် မမှန် လုပ်ကြံရေးသားဖြန့်ဝေနေ ခြင်းသာဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်