မင်းပြားမြို့နယ်၌ ယာဉ်မောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

 

မင်းပြား စက်တင်ဘာ  ၅


ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု လျှော့ချနိုင်ရန် အတွက် မြို့နယ်အတွင်းရှိ ခရီးသည်တင်ယာဉ် လိုင်း   အမျိုးမျိုးမှ  ယာဉ်မောင်းသူများအား Sinopharm  ကိုဗစ်-၁၉ ကာကွယ်ဆေးများကို မြို့နယ်အတွင်းမှ သတ်မှတ်စုရပ်နေရာများ၌ စက်တင်ဘာ ၄ ရက်က ဆက်လက်ထိုးနှံပေး လျက်ရှိသည်။


မင်းပြားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးစိုးမိုး၏   စီစဉ်လမ်းညွှန်မှုဖြင့်   မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေဝင်းထွန်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊  ဌာန ဆိုင်ရာများ၊ ကြက်ခြေနီနှင့်  မီးသတ်တပ်ဖွဲ့ဝင် များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ယာဉ် လိုင်းများမှတာဝန်ခံများ ပူးပေါင်း၍ ယာဉ်လိုင်း အမျိုးမျိုးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များ၊ အသက် ၆၅ နှစ်နှင့်အထက်  ပြည်သူများ အား ဦးစားပေး ထိုးနှံပေးနေခြင်းဖြစ်သည်။


ကာကွယ်ဆေးထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးဆိုင်ရာ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးနေပြီး ကာကွယ်ဆေးမထိုးမီ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများဖြစ်သည့် ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်းချိန်တိုင်းတာခြင်းများကို ကျန်းမာရေးဝန်ထမ်းများက ဆောင် ရွက်ပေး၍ ပုံမှန်အနေအထားရှိမှသာ ကာကွယ် ဆေးထိုးပေးခြင်းဖြစ်ကြောင်းနှင့် ဆေးထိုးပြီး သူများကိုလည်း မိနစ် ၃၀ ခန့် အနားယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။ 


သိန်းနုအောင်