
နေပြည်တော် မတ် ၂၅
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာ ရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်း(မင်းပြား)၌ သတင်း အမှားအမှန် ခွဲခြားသုံးသပ်နိုင်ရေး၊ Social Media အသုံးပြုရာတွင် ဆောင်ရန် ရှောင်ရန်နှင့် မူးယစ် ဆေးဝါးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်း က အဆိုပါ သင်တန်းကျောင်း စုပေါင်းခန်းမ၌ ကျင်းပသည်။
ဦးစွာ မင်းပြားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဇော်က မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာ ပေးခြင်း၊ သတင်းအမှားအမှန် ခွဲခြားသုံးသပ်နိုင်ရေး၊ Social Media အသုံးပြုရာတွင် နည်းလမ်း ပေါင်းစုံဖြင့် ဖြန့်ဝေနေသည့် လုပ်ကြံသတင်းများကို ရှောင်ရှား တတ်စေရန် အသိပညာပေးခြင်း ကိုလည်းကောင်း၊ မင်းပြားမြို့နယ် ဥပဒေအရာရှိ ဦးကျော်လွင်ဦးက ဥပဒေဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးဟောပြော သည်။
အဆိုပါ ဟောပြောပွဲသို့ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်း(မင်းပြား)မှ ကျောင်းအုပ် ဆရာကြီး၊ ဆရာ ဆရာများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထား သည့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်