
မင်းပြား စက်တင်ဘာ ၁၇
ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မင်းပြားမြို့နယ်အတွင်း ယခုလက်ရှိ ဖြစ်ပွားနေသော လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ အမြန်ကုသနိုင်ရေးအတွက် လိုအပ်သော အောက်ဆီဂျင် များ လုံလောက်စွာထုတ်လုပ်နိုင်ရေးနှင့် အောက်ဆီဂျင်ပြတ်တောက်မှု မရှိစေရေးအတွက် စေတနာရှင်၊ အလှူရှင်များထံမှ ထည့်ဝင်လှူဒါန်း ငွေဖြင့် အောက်ဆီဂျင်စက်အသစ်ကို ယမန်နေ့က မင်းပြားမြို့ ကျိန်းရိပ်ကရုဏာအောက်ဆီဂျင်ထုတ်လုပ်ရေးစက်ရုံ၌ စတင်စမ်းသပ် လည်ပတ်သည်။
မင်းပြားမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှ ကြိုတင် ကာကွယ်နိုင်ရန်နှင့် အောက်ဆီဂျင်လိုအပ်ချက်များအား အချိန်မီ ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးစိုးမိုး ဦးစီးလျက် ရခိုင်ပြည်နယ်လုံးကျွတ် အောက်ဆီဂျင် လုံလောက်စွာရရှိစေရေး၊ မင်းပြားမြို့ပြည်သူ့ဆေးရုံကြီး၌ တက်ရောက် ကုသနေသည့် အောက်ဆီဂျင်လိုအပ်သောလူနာများအတွက် အောက်ဆီ ဂျင် အလုံအလောက်ထုတ်လုပ်ပေးနိုင်မည့် အောက်ဆီဂျင်ထုတ်လုပ် ရေးစက်ရုံအတွက် မင်းပြားမြို့နယ် ကိုဗစ်- ၁၉ ရောဂါကြိုတင် ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ မင်းပြားမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ပံ့ပိုးရေး မြို့နယ်အဆင့် အရပ်ဘက် အထောက်အကူပြုကော်မတီနှင့် စေတနာ ရှင်/ အလှူရှင်များထံမှ လှူဒါန်းငွေကျပ်သိန်း ၂၃၀၀ တန်ဖိုးရှိ တစ်ရက် လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်ဘူး အလုံး ၆၀ ထွက်ရှိသည့် အောက်ဆီဂျင်ထုတ်လုပ်စက် စမ်းသပ် လည်ပတ်လျက်ရှိကြောင်း သိရသည်။
သိန်းနုအောင်(ပြန်/ဆက်)