
နေပြည်တော် ဖေဖော်ဝါရီ ၁၄
မကွေးတိုင်း ဒေသကြီးအတွင်း ရောက်ရှိနေသော တပ်မတော် နယ်လှည့် အထူးဆေးကုသရေး အဖွဲ့သည် ယနေ့တွင် မင်းလှ မြို့နယ် မိကျောင်းရဲကျေးရွာရှိ တိုက်နယ်ဆေးရုံ၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ စုစုပေါင်း ၂၅၄ ဦးကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၈၅ ဦး၊ ခွဲစိတ်ရောဂါ ၂၀ ၊ ကလေးရောဂါ ၁၃ ဦး၊ သားဖွား/မီးယပ်ရောဂါ ၁၂ ဦး၊ အရိုးရောဂါ ၄၅ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၁၂ ဦး၊ မျက်စိရောဂါ ၅၃ ဦးနှင့် သွား ရောဂါ ၁၄ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးသည်။ ထို့ပြင် ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၂ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၉ ဦးတို့ ကို ရွေ့လျားဓာတ်မှန်ရိုက်ယာဉ်နှင့် ရွေ့လျားဓာတ်ခွဲခန်းယာဉ်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်စစ်ဆေးပေး ခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သူ ၁၁ ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေး သည်။ ယင်းအပြင် နယ်လှည့်အထူး ဆေးကုသရေးအဖွဲ့က ဒေသခံ ပြည်သူများအား သွေးတိုးရောဂါ နှင့် ဆီးချို၊ သွေးချိုရောဂါများ အကြောင်း ကျန်းမာရေးအသိ ပညာပေး ဟောပြောဆွေးနွေး ခြင်းများ ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန် ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်