မင်းလှမြို့နယ် စမ်းအိုင်ကျေးရွာ၌ ဧက ၆၂၀ ‌ကျော် အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း ရာနှုန်းပြည့်ပြီးစီး

 

မင်းလှ   ဇန်နဝါရီ    ၉


မကွေးတိုင်းဒေသကြီး   မင်းလှ မြို့နယ်    ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး     ဦးစီးဌာနက ကျေးလက်နေ    ပြည်သူများ၏ လယ်ယာထွက်ကုန်များဈေးနှုန်းသက်သာစွာဖြင့်   ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင် စေရန်ရည်ရွယ်၍    အကောင် အထည်ဖော်   ဆောင်ရွက်သည့် စမ်းအိုင်ကျေးရွာအုပ်စု  စမ်းအိုင် ကျေးရွာ၌ ကျေးလက်ကုန်ထုတ် လမ်း ဖောက်လုပ်ပြီးစီးမှု အခြေ အနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့သည်။

 


ထိုသို့ ကွင်းဆင်းစစ်ဆေးရာ တွင် သရက်ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးကျော်ဆန်းဌေး၊ မင်းလှ မြို့နယ်    ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန   မြို့နယ် ဦးစီးမှူး   ဦးဝေလင်းမောင်နှင့် တာဝန်ခံအင်ဂျင်နီယာ ဝန်ထမ်း များက သက်ဆိုင်ရာကုမ္ပဏီများ၊ကျေးရွာ       ကော်မတီဝင်များ နှင့်အတူ          စမ်းအိုင်ကျေးရွာ ၌   ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှု   အခြေအနေ များနှင့်    လမ်းခံနိုင်ဝန်စစ်ဆေး တိုင်းတာခြင်း    California Bearing Ratio(CBR)များပြုလုပ် ခဲ့ပြီး လိုအပ်သည်များကို‌ ဆွေးနွေး မှာကြားသည်။   

 


အဆိုပါကျေးရွာ၌ ကျေးလက် ကုန်ထုတ်လမ်း  ဖောက်လုပ်ခြင်း ၂ မိုင် အကျယ် ၁၂ ပေ အမြင့် ၉ လက်မ   ထု   မြေနီကျောက်စရစ် ခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၏   ၂၀၂၁-၂၀၂၂    ဘဏ္ဍာနှစ် ခြောက်လဘတ်ဂျက် ခွင့်ပြုရန်ပုံ ငွေကျပ် ၃၉ ဒသမ ၃၇၄၈ သန်း ဖြင့်   တင်ဒါအောင်မြင်သည့် ကုမ္ပဏီက နိုဝင်ဘာလ စတုတ္ထ ပတ်က   စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ   ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း၊   စမ်းအိုင်ကုန်ထုတ် လမ်းသည်      အဆိုပါကျေးရွာရှိ အိမ်ခြေ   ၃၈၀  လူဦးရေ ၁၅၃၈ဦး တို့၏       လယ်ယာထုတ်ကုန်     ဧက  ၆၂၀ ကျော်ကို အကျိုးပြုမည် ဖြစ်ကြောင်း    မင်းလှမြို့နယ် ကျေးလက်ဒေသ  ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန    မြို့နယ်ဦးစီးမှူး ဦးဝေလင်းမောင်ထံမှ သိရသည်။


စိုးမိုးကျော်