မင်းလှမြို့နယ် ဆားချောင်းကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေ

 

နေပြည်တော်  ဇူလိုင် ၁၇


ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ် ဆားချောင်းကျေးရွာနှင့် စမ်းဘုတ် ကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပွား ခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင် များက  ဆားချောင်းကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့ကြောင်း၊ အဆိုပါ မီးရှို့မှုကြောင့်   နေအိမ်   ၃၀  ခန့် မီးလောင်ပျက်စီးခဲ့သည်ဟု သတင်း တု၊ သတင်းအမှားများကို တရား မဝင်ပြည်ဖျက်မီဒီယာများက လူမှု ကွန်ရက်     စာမျက်နှာများတွင် လုပ်ကြံရေးသားဖြန့်ဝေနေသည် ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ    မင်းလှ မြို့နယ်အတွင်း    အကြမ်းဖက် သမားများ ခိုအောင်းလှုပ်ရှားမှုမရှိ စေရေး   လုံခြုံရေးတပ်ဖွဲ့ဝင်များ က နယ်မြေလုံခြုံရေးဆောင်ရွက် လျက်ရှိရာ ဇူလိုင် ၁၅ ရက်တွင် မင်းလှမြို့နယ် ဆားချောင်းကျေးရွာ ၏ အနောက်ဘက်သို့ ရောက်ရှိစဉ် တွင်  PDF  အမည်ခံ အကြမ်းဖက် သမားများက လက်နက်ငယ်များ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက် အပြန်အလှန်     ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမား များ   ဆုတ်ခွာထွက်ပြေးသွားခဲ့ ကြောင်း၊   ထို့နောက်   ဆုတ်ခွာ ထွက်ပြေးသွားသည့် အကြမ်းဖက် သမားများကို လိုက်လံရှင်းလင်းခဲ့ ရာ ဆားချောင်းကျေးရွာ၏ အရှေ့ ဘက် မီတာ ၃၀၀ ခန့်တွင် အကြမ်း ဖက်သမားများ ခိုအောင်းနေထိုင်ခဲ့ သည့် တောင်ယာတဲ တစ်လုံးအား တွေ့ရှိခဲ့ပြီး    ၎င်းတောင်ယာတဲ အတွင်းမှ လက်လုပ် ၁၂ ဗို့ သေနတ် တစ်လက်၊ ၅.၅၆ ကျည် ငါးတောင့် နှင့်     ဆက်စပ်ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း   လုံခြုံ ရေးတာဝန်ရှိသူတစ်ဦး၏  ပြော ကြားချက်အရ သိရှိရသည်။
ထိုသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ၏ နယ်မြေလုံခြုံရေးဆောင်ရွက်နေမှုများကို ပြည်သူများ အထင် အမြင်     လွဲမှားစေရန်အတွက် ဖြစ်စဉ်ဖြစ်ရပ်များကို  အခြေခံ၍ သတင်းတု၊ သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသား နေခြင်းသာဖြစ်ပြီး    လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့်    ဆား ချောင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်းမရှိကြောင်း    သတင်းရရှိ သည်။        

သတင်းစဉ်