
မင်းလှ ဩဂုတ် ၉
ပဲခူတိုင်းဒေသကြီး မင်းလှမြို့နယ် တွင် မြို့နယ်ကျန်းမာရေး ဦးစီး ဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်းကာ အမှတ်(၂) ရပ်ကွက် အခြေခံပညာ အထက်တန်း (မြို့တွင်း) ကျောင်း၌ ယနေ့နံနက် ပိုင်းက ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှုများ ဆောင်ရွက်သည်။
ရှေးဦးစွာ ဒုတိယမြို့နယ် ပညာရေးမှူး ဒေါ်ခင်သန္တာမိုး နှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ချိုတို့က အမှာ စကားပြောကြားပြီး မြို့နယ် ဆရာဝန်ကြီး ဒေါက်တာလှဝင်းက ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှုများ ဆောင်ရွက်ရခြင်း နှင့် မြို့နယ် သူနာပြုအဆင့်(၁)ဒေါ်ဥမ္မာဝင်းက ကျောင်းကျန်းမာရေး အသိပညာပေးပြောကြားသည်။
ထို့နောက် ကျောင်းကျန်းမာ ရေး သီတင်းပတ်လှုပ်ရှားမှုပြိုင်ပွဲတွင် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် မူလတန်း အဆင့် ပန်းချီပြိုင်ပွဲတို့၌ ဆုရရှိသော ကျောင်းသား ကျောင်းသူများကို ဆုများချီးမြှင့်ပေးပြီး ကျောင်းသား ကျောင်းသူလေးများကို ကျန်းမာရေးစစ်ဆေးကုသပေးခြင်းနှင့် အာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်ပေးကြောင်း သိရသည်။
ပေါက်စ (မင်းလှ)