မြင်းခြံမြို့နယ် ကန်ဆွယ်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးတင်ရှို့ပြီး စစ်ဘေးရှောင်ပြည်သူ ၃၀၀ ခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း သတင်းတု၊ သတင်းမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်  ဖေဖော်ဝါရီ  ၇
မန္တလေးတိုင်းဒေသကြီး   မြင်းခြံ မြို့နယ်   ကန်ဆွယ်ကျေးရွာကို ဖေဖော်ဝါရီ ၅ ရက်က လုံခြုံရေး တပ်ဖွဲ့ဝင်များ     ၎င်းကျေးရွာ အတွင်းသို့   ဝင်ရောက်ခဲ့ရာ  PDF အမည်ခံအကြမ်းဖက် သောင်းကျန်း သူများက ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက် ခဲ့ခြင်းကြောင့် ကန်ဆွယ်ကျေးရွာ ကို    လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးတင်ရှို့နေပြီး ဘုန်းကြီးကျောင်း တွင် တိမ်းရှောင်နေသည့် ပြည်သူ ၃၀၀ ခန့်ကိုလည်း   ဓားစာခံများ အဖြစ်    ဖမ်းဆီးထားရှိကြောင်း သတင်းတု၊    သတင်းမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က ပြည်သူများ အထင်အမြင် လွဲမှားစေရန်      မဟုတ်မမှန် လိမ်လည်ရေးသား   ဖြန့်ဝေနေ သည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့် ပတ်သက် ၍      ဒေသခံပြည်သူတစ်ဦးထံ ဆက်သွယ်မေးမြန်း   ပြောကြား ချက်အရ         ၎င်းရက်နေ့တွင် ကန်ဆွယ်ကျေးရွာအနီး၌ နယ်မြေ လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်  PDF အမည်ခံ အကြမ်းဖက်သောင်းကျန်း သူများ နှစ်ဖက်ထိတွေ့မှုဖြစ်ပွားခဲ့ခြင်းကြောင့် သိရှိရပြီး ဒေသခံ ပြည်သူများအား လုံခြုံရေးတပ်ဖွဲ့ ဝင်များက    ဖမ်းဆီးထားခြင်း မရှိကြောင်း သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာ များမှ မြေပြင်ဖြစ်စဉ်သတင်းများ ကို အခြေခံကာ ပြည်သူများအား သတင်းအမှန်များ ချပြရေးသား ခြင်းမရှိဘဲ တည်ငြိမ်အေးချမ်းမှု ကို  ပျက်ပြားစေရန်  သတင်းတု၊ သတင်းမှားများဖြင့်     လိမ်လည် ရေးသား ဝါဒဖြန့်နေခြင်းသာဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်