
အူလန်ဘာတာ ဇန်နဝါရီ ၁၀
မွန်ဂိုလီးယားနိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် နိုင်ငံခြားခရီးသွား ၂၉၀၄၀၀ ဝင်ရောက်သည့်အတွက် ခရီးသွားလုပ်ငန်းကဏ္ဍမှ အမေ ရိကန်ဒေါ်လာ သန်း ၃၅၀ ရရှိခဲ့ ကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီး ဌာနက ဇန်နဝါရီ ၁၀ ရက်တွင် ပြောသည်။
ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွား မှုကြောင့် ၂၀၂၁ ခုနှစ်တွင် နိုင်ငံ တွင်းသို့ နိုင်ငံခြားခရီးသွား ဝင်ရောက်မှု အရေအတွက်မှာ လျော့နည်းခဲ့ကြောင်း အဆိုပါ ဝန်ကြီးဌာနက ပြောသည်။ မွန်ဂို လီးယားနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခဲ့သော ခရီးသွားကဏ္ဍကို မြှင့်တင်ရန် အတွက် များစွာသော အစီအမံ များ ချမှတ်ဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။
အထူးသဖြင့် မွန်ဂိုလီးယား အစိုးရသည် နိုင်ငံပေါင်း ၃၄ နိုင်ငံမှ နိုင်ငံသားများအား ရက်ပေါင်း ၃၀ အထိ ၂၀၂၅ ခုနှစ်ကုန်အထိ ဗီဇာ ကင်းလွတ်ခွင့်ပေးရန် မကြာသေး မီက ဆုံးဖြတ်ခဲ့သည်။ မွန်ဂို လီးယားနိုင်ငံသည် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကို မွန်ဂိုလီးယား ခရီးသွားနှစ်များ အဖြစ်လည်း ကြေညာထားသည်။ ထို့ပြင် ခရီးသွားလုပ်ငန်းကဏ္ဍကို မြှင့်တင် ရန်အတွက် ၂၀၂၃ ခုနှစ်တွင် ပွဲလမ်းပေါင်း ၉၀ ကျော် စီစဉ် ကျင်းပသွားရန် မျှော်မှန်းထား သည်။
မွန်ဂိုလီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် နိုင်ငံခြားခရီးသည် တစ်သန်း ထက်မနည်း ဝင်ရောက် ရန်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ အနေဖြင့် အဆိုပါ ခရီးသွား များထံမှ အမေရိကန်ဒေါ်လာ တစ်ဘီလီယံအထိ ရရှိရန် မျှော်မှန်း လုပ်ဆောင်လျက်ရှိကြောင်း သိရ သည်။
ဆင်ဟွာ