မွန်ဂိုလီးယား၌ ယခုနှစ်ဆောင်းရာသီတွင် ပြင်းထန်သည့် ရာသီဥတုကြောင့် မွေးမြူရေးတိရစ္ဆာန်အကောင်ရေ ၄ ဒသမ ၇ သန်းကျော် သေဆုံးမှုဖြစ်ပွား

 

အူလန်ဘာတာ မတ် ၁၉


မွန်ဂိုလီးယားနိုင်ငံတွင် dzud ဟု ခေါ်သော အလွန် ပြင်းထန်သည့် ရာသီဥတုကြောင့် ယခုနှစ်ဆောင်း ရာသီတွင်   လက်ရှိအချိန်အထိ  မွေးမြူရေးတိရစ္ဆာန် အကောင်ရေ ၄ ဒသမ ၇ သန်းကျော် သေဆုံးကြောင်း နိုင်ငံ၏   အရေးပေါ်  ကော်မရှင် (အက်စ်အီးစီ) က မတ် ၁၉ ရက်တွင် ပြောသည်။ 


မွန်ဂိုလီးယားနိုင်ငံတစ်ဝန်း     dzud    ကြောင့် မွေးမြူရေးတိရစ္ဆာန်အကောင်ရေ ၄၇၄၄ ၄၂၃ ကောင် သေဆုံးကြောင်း   အက်စ်အီးစီ၏  ထုတ်ပြန်ကြေညာ ချက်တွင် ဖော်ပြထားသည်။ dzud  သည် မြေပြင်တွင် အလွန်အေးခဲခြင်း သို့မဟုတ် ဆီးနှင်း ဖုံးလွှမ်းခြင်း ကြောင့်    မွေးမြူရေးတိရစ္ဆာန်     အမြောက်အမြား  သေဆုံးသည့်အခါ          အလွန်ပြင်းထန်သော ဆောင်းရာသီကို   ဖော်ပြရန်   သုံးနှုန်းသော    မွန်ဂို လီးယား ဝေါဟာရတစ်ခု ဖြစ်သည်။ 


မွန်ဂိုလီးယားနိုင်ငံသည် ယခုနှစ် ဆောင်းရာသီ တွင်    ပုံမှန်ထက်  ဆီးနှင်းပိုမိုကျရောက်မှုရှိသော ကြောင့်  နိုင်ငံနယ်မြေ၏  ၈၀  ရာခိုင်နှုန်းကျော်မှာ ၁၀၀  စင်တီမီတာအထိ   ဆီးနှင်းဖုံးလွှမ်းလျက်ရှိ ကြောင်း     မိုးလေဝသစောင့်ကြည့်ရေးအေဂျင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။ 


၂၀၂၃ ခုနှစ်  နှစ်ကုန်တွင်   မွန်ဂိုလီးယားနိုင်ငံ၌ မွေးမြူရေးတိရစ္ဆာန်အကောင်ရေ ၆၄ ဒသမ ၇ သန်းရှိ ကြောင်း အမျိုးသားစာရင်းအင်းရုံး၏ ထုတ်ပြချက် တွင် ဖော်ပြထားသည်။                                                          

ဆင်ဟွာ