မင်္ဂလာဒုံမြို့နယ်၌ စက်ရုံအလုပ်သမား ၃၁၄၇၄ ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးစီး

မင်္ဂလာဒုံ   စက်တင်ဘာ    ၃
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ်အတွင်း ရှိ  စက်ရုံအလုပ် သမားများကို  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးကို   ထိုးနှံပေးလျက် ရှိရာ ယနေ့အထိ စက်ရုံအလုပ် သမား ၃၁၄၇၄  ဦးကို   ပထမ အကြိမ် ကာကွယ်ဆေး   ထိုးနှံပေး နိုင်ခဲ့ကြောင်း   မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
စက်ရုံအလုပ်သမားများကို ကိုဗစ်-၁၉   ရောဂါ  ကာကွယ် ဆေး ဆီနိုဗက်ထိုးနှံပေးရာတွင်  ကျန်းမာရေးဝန်ကြီးဌာန၏ လမ်း ညွှန်ချက်များနှင့်အညီ ကာကွယ် ဆေးများကို စက်ရုံ၊ အလုပ်ရုံများရှိ သတ်မှတ်နေရာများတွင် ကျန်းမာ ရေးဝန်ထမ်းများက   ထိုးနှံပေး ကြောင်း  သိရသည်။
ကာကွယ်ဆေး    ထိုးနှံရာ တွင်   မြို့နယ်ကိုဗစ်-၁၉   ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ အလုပ်ရုံ၊ စက်ရုံများ၏ ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ   ကိုယ်ပူချိန် တိုင်းတာခြင်း၊   သွေးပေါင်ချိန် တိုင်းတာခြင်း၊   သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု   ပမာဏ တိုင်းတာခြင်း၊ စာရင်းရေးသွင်း ခြင်းများ ဆောင်ရွက်ကာ   ပုံမှန် အနေအထားရှိမှသာ    ကာကွယ် ဆေးထိုးနှံပေးခြင်းဖြစ်သည်။ 
ကာကွယ်ဆေး   မထိုးနှံရ သေးသူ   အလုပ်သမားများကို လည်း ကာကွယ်ဆေး   ရရှိမှုအပေါ် မူတည်၍  ဆက်လက်ထိုးနှံပေး မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)