
ရန်ကုန် အောက်တိုဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံ စျေးကြီးရှိ စျေးသူစျေးသားများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ RDT ဖြင့် အခမဲ့စစ်ဆေး ပေးခြင်းကို ယနေ့နံနက်ပိုင်းက မင်္ဂလာဒုံစျေးကြီးရှိ စျေးသူ စျေးသားများအား နှာခေါင်းတို့ဖတ်၊ အာခေါင် တို့ဖတ်ရယူ၍ စစ်ဆေးပေးသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရာ တွင် စျေးသူ စျေးသား စုစုပေါင်း ၂၀၀ အား စစ်ဆေး ပေးခဲ့ပြီး စစ်ဆေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ လမ်းညွှန်မှုနည်းလမ်းများနှင့်အညီ ဆောင်ရွက် ပေးခဲ့သဖြင့် ရောဂါပိုးရှိသူ မတွေ့ရှိရကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေး ပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးအောင်မ ြင့်ကြိုင် ဦးဆောင်မှုဖြင့် တာဝန်ရှိသူများ ပူးပေါင်း၍ ကိုဗစ်ရောဂါ စစ်ဆေးလိုသူများကို နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ရယူ၍ RDT ဖြင့် အခမဲ့စစ်ဆေးပေး ခဲ့ကြောင်း သိရသည်။
မျိုးမင်းသိန်း(မရမ်းကုန်း)