မင်းဘူးမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေး

 

မင်းဘူး   ဩဂုတ်   ၂၆


မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ နယ်   မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်တွင်  ၂၀၂၁ ခုနှစ်  မိုးရာသီ စိုက်ပျိုးစရိတ်   ချေးငွေများကို ယမန်နေ့က  ဆက်လက်ချေးပေး လျက်ရှိရာ ကျေးရွာအုပ်စုပေါင်း ၁၀ အုပ်စု၊ တောင်သူပေါင်း ၃၈၅ ဦးနှင့် စပါး ၈၇၇ ဧက၊     နှမ်းသီးနှံ စိုက်ဧက  ၁၆၈၉ ဧကအတွက်   စုစုပေါင်း ငွေကျပ် ၃၀၁၉၅၀၀၀၀ ကို     ထုတ်ချေးပြီးဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ သိရသည်။


မြို့နယ်    မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်အနေဖြင့်  ၂၀၂၁ ခုနှစ်  မိုးရာသီ    စိုက်ပျိုးစရိတ် ချေးငွေများကို    ယခင်နှစ် ၂၀၂၀ မိုးချေးငွေ  အကျေပေးဆပ်ပြီးသူ တောင်သူများကိုသာ    ဦးစွာထုတ် ချေးပေးလျက်ရှိပြီး ချေးငွေများ ထုတ်ချေးပေးနေစဉ်       ကာလ အတွင်း    လာရောက်ပေးဆပ်သူ တောင်သူများ၏    ချေးငွေများ   ပေးဆပ်မှုကို    လက်ခံ၍   အသစ် တစ်ဖန်   ပြန်လည်ထုတ်ချေးပေး လျက်ရှိသည်။  ဘဏ်ချေးငွေများ ထုတ်ပေးရာတွင်    ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်     အညီ ထုတ်ပေးလျက်ရှိကြောင်း။


၂၀၂၁ ခုနှစ် မိုးရာသီ  စိုက်ပျိုး စရိတ်ချေးငွေများ ထုတ်ချေးရန် လျာထားချက်ရှိသည်မှာ မိုးသီးနှံ စပါး   တစ်ဧကလျှင်   ငွေကျပ် ၁၅၀၀၀၀နှုန်းနှင့် အခြားသီးနှံ တစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်းဖြင့် ထုတ်ချေးပေးခြင်း    ဖြစ် ကြောင်း၊ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးပေးရန်   ကျန်ရှိ နေသေးသည့် ကျေးရွာများမှ တောင်သူများကိုလည်း     သတ်မှတ် ကာလအတွင်း     ဆက်လက် ထုတ်ချေးပေးမည်   ဖြစ်ကြောင်း မင်းဘူးခရိုင်     မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ဘဏ်မန်နေဂျာ ဒေါ်ဇင်ဝင်းမာက ပြောသည်။


ဇေယျာထက်(မင်းဘူး)