မင်းဘူးခရိုင် ဆေးရုံကြီး၌ သံဃာတော်များနှင့် သီလရှင်များအား အခမဲ့ဆေးကုသပေး

 

မင်းဘူး   ဇန်နဝါရီ   ၂၇
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် အထွေထွေရောဂါကုဆေးရုံကြီး၌ ရဟန်းသံဃာတော်များနှင့်    သီလရှင်များအား  အခမဲ့    ကျန်းမာရေး စောင့်ရှောက် ဆေးကုသပေးခြင်းကို ဇန်နဝါရီ  ၂၆ ရက်က  ဆောင်ရွက် ပေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးပြီး      လိုအပ်သည်များကို      ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ 
ဆေးကုသပေးရာတွင်     ခရိုင်အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအေးမြဝင်း၏ ဦးဆောင်မှုဖြင့် နား၊ နှာခေါင်း၊ လည်ချောင်း၊    မျက်စိအထူးကုဆရာဝန်ကြီးများ၊  အထွေထွေရောဂါ ကု သမားတော်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက  မင်းဘူးခရိုင် အတွင်းရှိ မင်းဘူး၊  စကု၊  စလင်းမြို့နှင့်   ငဖဲမြို့နယ်တို့မှ  လာရောက် ဆေးဝါးကုသမှုခံယူကြသည့်  ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ သီလရှင်များ စုစုပေါင်း ၁၄ ပါးအား လိုအပ်သော ကျန်းမာရေးစစ်ဆေးမှု များပြုလုပ်၍ အခမဲ့ ဆေးဝါးကုသပေးခဲ့ခြင်းဖြစ်သည်။  
မင်းဘူးခရိုင်    အထွေထွေရောဂါကုဆေးရုံကြီး၌  ခရိုင်အတွင်းရှိ နိုင်ငံတော်ဩဝါဒါစရိယ      ဆရာတော်ကြီးများ၊     နိုင်ငံတော်သံဃ မဟာနာယကဆရာတော်ကြီးများ၊  နိုင်ငံတော်သံဃာ့ဝန်ဆောင် ဆရာ တော်ကြီးများအပါအဝင်      ထေရ်ကြီးဝါကြီးဆရာတော်ကြီးများနှင့် သီလရှင်များအား အခမဲ့ဆေးကုသပေးခြင်းအပြင် နိုင်ငံ့ဝန်ထမ်းများ ကိုလည်း အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း အခမဲ့ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း  ဆေးရုံအုပ်ကြီး ဒေါက်တာအေးမြဝင်း ထံမှ သိရသည်။                                        

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)