မင်းဘူး(စကု)မြို့နယ်ရှိ ကျောက်စံလျှပ်စစ်ရေတင်လုပ်ငန်း၌ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာဓာတ်အားပေးစနစ် တွဲဖက်တပ်ဆင်ခြင်း ရာနှုန်းပြည့်ပြီးစီး

 

မင်းဘူး    ဒီဇင်ဘာ   ၇


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၃-၂၀၂၄   ဘဏ္ဍာနှစ်  ငွေလုံးငွေရင်းရန်ပုံငွေမှ  ခွင့်ပြုငွေဖြင့်  ဆည်မြောင်းနှင့်  ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)က  မင်းဘူး(စကု)မြို့နယ် ကျောက်စံလျှပ်စစ်ရေတင်လုပ်ငန်း၌ ဆောင်ရွက်လျက်ရှိသော  နေရောင်ခြည်စွမ်းအင်သုံး  ၂၁၅ ကီလိုဝပ်    ဆိုလာ ဓာတ်အားပေးစနစ် တွဲဖက်တပ်ဆင်ခြင်းလုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။ 


ကျောက်စံလျှပ်စစ်ရေတင်လုပ်ငန်း၌      နေရောင်ခြည်စွမ်းအင်သုံး  ဆိုလာဓာတ်အားပေးစနစ်  တွဲဖက်တပ်ဆင်ခြင်းလုပ်ငန်းဆောက်ရွက်နေမှု၊ တည်ဆောက်ပြီးစီးမှုနှင့်  လုပ်ငန်းများ စတင်စမ်းသပ်လည်ပတ်နေ မှုအခြေအနေများကို  တိုင်းဒေသကြီး  လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းနှင့်  တာဝန်ရှိသူများက ဒီဇင်ဘာ ၆ ရက် တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။


 လယ်ယာစိုက်ပျိုးရေးကဏ္ဍကို များစွာ အထောက်အကူပြုနိုင်မည်


ဆည်မြောင်းနှင့်   ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်း အမြစ်)က  မင်းဘူး (စကု) မြို့နယ်  ကျောက်စံလျှပ်စစ်ရေတင်လုပ်ငန်း ၌  နေရောင်ခြည်စွမ်းအင်သုံး  ၂၁၅ ကီလိုဝပ် ဆိုလာဓာတ်အားပေးစနစ်     တွဲဖက်တပ်ဆင်ခြင်းလုပ်ငန်းကို    တိုင်းဒေသကြီးအစိုးရအဖွဲ့  ငွေလုံး ငွေရင်း ခွင့်ပြုရန်ပုံငွေမှ   ခွင့်ပြုငွေကျပ်   ၅၅၉ ဒသမ ၆၉ သန်းဖြင့်    တင်ဒါအောင်မြင်ခဲ့သည့်   ကုမ္ပဏီက  ၂၀၂၃   ဇူလိုင်  ၉ ရက်က   စတင် ဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာ ၁၅   ရက်တွင်  ရာနှုန်းပြည့်        ဆောင်ရွက် ပြီးစီးခဲ့သည့်အတွက် ယခုအခါ လုပ်ငန်းများ  စတင်စမ်းသပ်လည်ပတ် နေပြီဖြစ်ကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်  ဆိုလာစနစ်ကို   တပ်ဆင် သုံးစွဲနိုင်သည့်အတွက်  လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို  လျှော့ချနိုင်မည့် အပြင်    မီတာယူနစ်ကုန်ကျစရိတ်သက်သာခြင်းနှင့် စိုက်ပျိုးရေရယူရာ တွင်  စဉ်ဆက်မပြတ် ဖြန့်ဝေဆောင်ရွက်ပေးနိုင်ခြင်းကြောင့်   ဒေသခံ တောင်သူများ၏   လယ်ယာစိုက်ပျိုးရေးကဏ္ဍကို များစွာ  အထောက် အကူပြုနိုင်မည်ဖြစ်ကြောင်း  မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံ ခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ တာဝန်ခံ ဦးစီးအရာရှိ ဦးစိုး ညွန့်လင်းက ပြောသည်။


 စိုက်ပျိုးရေများ  ဖြန့်ဝေဆောင်ရွက်ပေးနိုင်ခဲ့


အဆိုပါ   ဆိုလာဓာတ်အားပေးစနစ်  ဖော်ဆောင်နိုင်ခဲ့သည့်အတွက်   အကျိုးပြုဧရိယာ   ၇၅၅  ဧကအနက်  ၂၀၂၃-၂၀၂၄   စိုက်ပျိုးရာသီတွင်  မိုးစပါး  ၅၂၅  ဧကနှင့် အခြားသီးနှံဧက  ၂၃၀ တို့ကို  စိုက်ပျိုးရေများ         ဖြန့်ဝေဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊  ထို့အပြင် နွေစပါး ဧက ၂၀၀ နှင့် အခြားသီးနှံ ဧက ၄၀၀ ကို  လျာထားစိုက်ပျိုးနိုင်ရေးအတွက်   ၂၀၂၄    ခုနှစ်  ဇန်နဝါရီ ၁၅ ရက်မှစတင်ပြီး   စိုက်ပျိုးရေများ     စတင်ဖြန့်ဝေ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။      

     
 မောင်မောင်(မင်းဘူး)