မင်းဘူး(စကု)မြို့နယ်ရှိ အေဝမ်းမီးဖိုထုတ်လုပ်ရေးလုပ်ငန်းမှ တစ်လလျှင်မီးဖိုအလုံးရေ ၁၂၀၀၀ ခန့် ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိ

 

မင်းဘူး    မေ   ၁၅


မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ် မင်းဘူး-မင်းလှ ကားလမ်းဘေး၊ မိုင်တိုင်အမှတ် (၁၀) ရှိ မြန်မာမြေစွမ်းအားမြှင့် အေဝမ်းမီးဖို ထုတ်လုပ်ရေးလုပ်ငန်းအနေဖြင့် ပြည်သူများ ထင်းလောင်စာဖိုး       ကုန်ကျမှုသက်သာပြီး ထင်းသုံးစွဲမှု လျှော့ချနိုင်စေရန်အတွက် စွမ်းအားမြှင့် မီးဖိုများကို တစ်လလျှင် အလုံးရေ ၁၂၀၀၀ ခန့်  ထုတ်လုပ်ပြီး မြန်မာပြည်အနှံ့ တင်ပို့ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း အေဝမ်းမီးဖို   ထုတ်လုပ်ရေးလုပ်ငန်း စက်ရုံမန်နေဂျာထံမှ သိရသည်။

 


မြန်မာမြေ    စွမ်းအားမြှင့် အေဝမ်းမီးဖို        ထုတ်လုပ်ပုံ အဆင့်ဆင့်နှင့်    ဖြန့်ဖြူးတင်ပို့ ရောင်းချနေမှု အခြေအနေများကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက မေ ၁၃ ရက်က သွားရောက်ကြည့်ရှု လေ့လာခဲ့ကြသည်။

 


အေဝမ်းမီးဖို   ပြုလုပ်ရာတွင် ကုန်ကြမ်းအဖြစ်   စေးကပ်သော မြေစေးနှင့်    ဖွဲပြာတို့ကို   အဓိက အသုံးပြု၍ မြေသယ်သွင်း၊ မြေ သားစပ်၊ မြေနင်း၊ မြေညှစ်၊ ပုံကြမ်း ဖော်၊  ခနောက်ကပ်၊    ဖိုချွတ်ခွာ၊ အစို   ဖောက်ချော၊ အခြောက်ချော၊ အရောင်တင်    ဆေးသုတ်၊   ဖိုစီ၊ ဖိုထုတ်၊ အပူထိန်းနံရံကပ်၊ သံခွေ ပတ်     မီးခံပြားဖောက် စသည့်    လုပ်ငန်းအဆင့်ဆင့်ဖြင့် ပြုလုပ်ရ ကြောင်း၊  စက်ရုံအတွင်း   မီးဖို အမျိုးအစား ရှစ်မျိုးကို ထုတ်လုပ် လျက်ရှိပြီး    အမျိုးအစားအပေါ် မူတည်၍ စက်ရုံဈေး  ရိုးရိုးမီးဖို တစ်လုံးလျှင် ငွေကျပ် ၃၂၀၀၊ သံခွေ ပတ်  မီးဖိုတစ်လုံးလျှင်   ငွေကျပ်  ၄၈၀၀  နှုန်းဖြင့်    ဖြန့်ဖြူးရောင်းချ လျက်ရှိကြောင်း သိရသည်။

 


စက်ရုံအတွင်း  လုပ်သား ၆၀ ခန့်ဖြင့် စက်မှုလက်မှု ပေါင်းစပ်၍ နေ့စဉ်ထုတ်လုပ်လျက်ရှိပြီး မီးဖို တစ်လုံးဖြစ်ရန်       လုပ်ငန်းစဉ် အားလုံးပြီးချိန် ရက်ပေါင်း ၄၅ ရက်ခန့် ကြာမြင့်ကြောင်း၊ ရာသီ ဥတုအပေါ်မူတည်၍   တစ်ရက် ပျမ်းမျှ  မီးဖိုအလုံး ၄၀၀ နှုန်းဖြင့် တစ်လလျှင် မီးဖိုအလုံးရေ ၁၂၀၀၀ ခန့်အထိ     ထုတ်လုပ်နိုင်ပြီး လောင်စာ အမျိုးမျိုးဖြင့် အသုံးပြု နိုင်ကြောင်း၊ လျှပ်စစ်မီး မရရှိသေး သော  ကျေးရွာများသို့    အထူး အစီအစဉ်များဖြင့် ဖြန့်ဝေပေးနိုင် ရန် အပူပိုင်းဒေသစိမ်းလန်းစိုပြည် ရေးဦးစီးဌာနက နှစ်စဉ် အများဆုံး ဝယ်ယူကြောင်း၊     ဒေသဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့် ကုလ သမဂ္ဂ        ဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် ဝယ်ယူမှုများအပြင်     မြန်မာ တစ်နိုင်ငံလုံးသို့ တင်ပို့ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း မြန်မာ မြေ စွမ်းအားမြှင့်    အေဝမ်းမီးဖိုထုတ်လုပ်ရေးလုပ်ငန်းမှ      စက်ရုံ မန်နေဂျာ  ဦးသန့်ဇင်က   ပြော သည်။

 


အေဝမ်းမီးဖိုကို    သုံးစွဲခြင်း အားဖြင့် ထင်းလောင်စာကုန်ကျမှု သက်သာခြင်း၊    သစ်တောများ ပြုန်းတီးမှု     လျော့ကျစေရန် တစ်ဖက်တစ်လမ်းမှ  အထောက် အကူပြုခြင်း၊ ထင်းလောင်စာနည်း ပြီး  လေဆွဲအားကောင်း၍ အပူရှိန် များများဖြင့် ချက်ပြုတ်ရလွယ်ကူ မြန်ဆန်ပြီး   အချိန်ကုန်သက်သာ ခြင်း စသည့်အကျိုးကျေးဇူးများကို    ရရှိနိုင်ကြောင်း  သိရသည်။

 

မောင်မောင် (မင်းဘူး)