
မင်းဘူး ဖေဖော်ဝါရီ ၁၀
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာ သင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား ကျောင်းသူ ၁၃၆၅ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စာစစ်ဌာနလေးခု
စာစစ်ဌာနလေးခုဖြစ်သည့် မင်းဘူးမြို့ အမှတ်(၁) အထကတွင် ၇၃၄ ဦး၊ စကုမြို့ အထကတွင် ၄၂၀၊ မုန်တောင်ကျေးရွာ အထကတွင် ၁၆၄ ဦး၊ ရွာသာယာကျေးရွာ အထကတွင် ၄၇ ဦး စုစုပေါင်း ၁၃၆၅ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကာ စာမေးပွဲရက်မှာ မတ် ၃၁ ရက်မှ ဧပြီ ၉ ရက်အထိဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးအောင်ဇော်ထံမှ သိရသည်။
ဇေယျာထက်
(မင်းဘူး)