
မင်းဘူး ဧပြီ ၂၀
မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်တွင် စားသုံးဆီ ဖူလုံစေရေးအတွက် နွေနှမ်း ၂၀၂၇၄ ဧက လျာထားစိုက်ပျိုး မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ နွေနှမ်းသီးနှံများ စိုက် ပျိုးရာတွင် ဆည်ရေနှင့် မြစ်ရေ တင်စီမံကိန်းများမှ ရေပေးဝေ စိုက်ပျိုးမည်ဖြစ်ပြီး အိုင်းမဆည် မှ ဧက ၁၆၇၀၀၊ ကမ်းနီ မြစ်ရေ တင်စီမံကိန်းမှ ဧက ၄၅၀၊ ကျောက်စံလျှပ်စစ်ရေတင် စီမံ ကိန်းမှ ဧက ၄၀၀၊ မြေအောက်ရေ တူးဖော်ပေးဝေရေးမှ ၈၂၁ ဧက ဖြင့် စုစုပေါင်း ၂၀၂၇၄ ဧက လျာထား စိုက်ပျိုးမည်ဖြစ် ကြောင်း သိရသည်။
“ကျွန်တော်တို့ မင်းဘူး(စကု) မြို့နယ်အတွင်းမှာ အခုနှစ် မိုး စပါးသီးနှံအနေနဲ့ ၄၀၀၄၄ ဧက စိုက်ပျိုးထားပါတယ်။ နွေနှမ်း သီးနှံကတော့ ၂၀၂၇၄ ဧက စိုက်ပျိုးမှာဖြစ်ပြီး လျာထား ချက်ပြည့်မီရေးနှင့် မျိုးကောင်း မျိုးသန့်ဖြစ်စေရေး၊ စိုက်ပျိုးတဲ့ နည်းစနစ် မှန်ကန်စေရေး၊ သွင်း အားစုအလုံအလောက် ရရှိရေးတို့ အပြင် ပိုးမွှားရောဂါ ကာကွယ်ရေး လုပ်ငန်းတွေကို ကျွန်တော်တို့ ဝန်ထမ်းတွေက စိုက်ခင်းထဲ အရောက် အသိပညာပေးပြီး လုပ်ဆောင်ပေးနေပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးဇော် မင်းသူက ပြောသည်။
ဇေယျာထက်
(မင်းဘူး)