
နေပြည်တော် မတ် ၆
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာရှိ မနောမြန်မာ စက်ရက်ကန်း ကုန်ထုတ်သမဝါယမအသင်းက စက်ရက်ကန်းစင် ၁၁ စင် ဖြင့် ချည်ထည်ရက်လုပ်ခြင်းလုပ်ငန်းများကို တစ်ပိုင်တစ်နိုင် လုပ်ကိုင် ဆောင်ရွက်လျက်ရှိသည်။ ထိုရက်ကန်းစင်များမှ နှစ် ၁၀၀ ချည်ချော များဖြင့် ရက်လုပ်သည့် ကချင်ရိုးရာ (ကျား၊ မ) ဝတ် ချည်ထည်များကို အသင်းသား ပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရန်အတွက် မြန်မာတစ်နိုင်ငံလုံးသို့ လက်လီလက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်