မံစီမြို့နယ်၌  နောင်ဒွဲဆည်အတွင်းသို့ ငါးမျိုးများစိုက်ထည့်


 

နေပြည်တော်  နိုဝင်ဘာ  ၁၆
ကချင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၏       ကြီးကြပ်မှုဖြင့်  ဗန်းမော်ခရိုင်  ငါးလုပ်ငန်းဦးစီးဌာနမှ ရေရှည်စဉ်ဆက်မပြတ် ငါးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ ငါးရိက္ခာဖူလုံစေ ရန်နှင့်  ငါးသယံဇာတများ တိုးပွားလာစေရန်  ရည်ရွယ်၍ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး   ဦးမြသိန်း   ဦးဆောင်၍ မံစီမြို့နယ်    ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်   မြို့နယ် ငါးမျိုးစိုက်ထည့်ခြင်း  ကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ ဝင်များသည် နိုဝင်ဘာ ၁၂ ရက်က နောင်ဒွဲဆည်အတွင်းသို့  နှစ်လက်မအရွယ်ရှိ ငါးမြစ်ချင်းသားပေါက်ကောင်ရေ ၁၀၀၀၀ နှင့်ငါးခုံးမကြီး ၄၀၀၀၀ ကို  မျိုးစိုက်ထည့်ပေးကြောင်း သိရသည်။                                                          သတင်းစဉ်