မြန်အောင်မြို့နယ်၌ နှစ် ၁၀၀ ကျော် သက်တမ်းရှိ အကြီးဆုံးသစ်ပင်ကြီး လေးပင်ကို ထိန်းသိမ်းထား

 

မြန်အောင်  ဇန်နဝါရီ   ၁၄


ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် သစ်တောဦးစီးဌာနသည်  နိုင်ငံပိုင်သစ်တော ကြိုးဝိုင်းဧရိယာနှင့် ကြိုးဝိုင်းပြင်ပတို့တွင် ပေါက်ရောက်လျက်ရှိသည့် သက်တမ်းရင့် သစ်ပင် ကြီးများကို ရှာဖွေဖော်ထုတ်၍ မြို့နယ်သစ်တောဦးစီးဌာန၏ ရှားပါးသစ်တော သစ်ပင်စာရင်းတွင် စာရင်းသွင်း၍ ထိန်းသိမ်းဆောင်ရွက်ထားကြောင်း သိရသည်။

 


မြန်အောင်မြို့နယ်၌   လက်ရှိအချိန် အထိ သက်တမ်းနှစ် ၁၀၀ အထက်ရှိသည့် သစ်ပင်ကြီး လေးပင်အား တွေ့ရှိထိန်းသိမ်း ထားရာ မြန်အောင်မြို့နယ် အင်ပင်ဘိနယ်၊ ဆပ်သွားချောင်းကျေးရွာနေ ဒေါ်ထွေး၏ ဥယျာဉ်ခြံအတွင်း၌    လုံးပတ်   ၁၂    ပေ၊ အမြင့်ပေ ၁၀၀ နှင့် လုံးပတ် ၁၇ ပေ၊ အမြင့် ပေ ၁၀၀ ရှိ ကညင်ပင် နှစ်ပင်၊  လက်ပံကွင်း ကျေးရွာအုပ်စု၊ လက်ပံကွင်းကျေးရွာနေ ဦးတင်မြင့်၏    ဥယျာဉ်ခြံမြေအတွင်း၌ လုံးပတ် ၂၁ ပေ ငါးလက်မ၊ အမြင့်ပေ ၁၀၀ ရှိ ကညင်ပင်နှင့် မျှင်ဝါးတောင်ကြိုးဝိုင်း အကွက် အမှတ် (၄၆ )ရှိ လုံးပတ် ၂၂ ပေ ရှစ်လက်မနှင့် အမြင့်ပေ ၁၀၀ ရှိ သပြေပင် ကြီးတို့အား သက်တမ်းရင့် ရတနာတန်း ဝင် ရှားပါး           သစ်ပင်ကြီးများအဖြစ် မှတ်တမ်းတင်ထားကြောင်း သိရသည်။

 


အဆိုပါ နှစ် ၁၀၀ အထက် သက်တမ်း ရှိ         အကြီးဆုံးသစ်ပင်ကြီးများကို မြန်အောင်မြို့နယ်     သစ်တောဦးစီးဌာန ဝန်ထမ်းများက ၂၀၂၁ ခုနှစ်တွင် စတင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး        ရေရှည်တည်တံ့ အောင် ဆက်လက်ထိန်းသိမ်းဆောင်ရွက် မည်ဖြစ်ကြောင်း   မြို့နယ်သစ်တောဦးစီး ဌာနဦးစီးအရာရှိ ဦးသန်းဌေးထံမှ သိရ သည်။


မြို့နယ် (ပြန်/ဆက်)