မြန်အောင်မြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ကွင်းဆင်းစစ်ဆေး

 

မြန်အောင်  မတ် ၄


ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး         ဦးစီး ဌာန၏   ၂၀၂၁-၂၀၂၂   ခြောက်လဘတ်ဂျက် ခွင့်ပြုရန်ပုံငွေဖြင့်      ဆောင်ရွက်ခွင့်ရရှိသည့် ကျေးလက်ကုန်ထုတ်လမ်း၊ တံတား လုပ်ငန်း များ၊ ရေပေးရေးလုပ်ငန်းများနှင့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)လုပ်ငန်း များ  ဆောင်ရွက်ပြီးစီးမှု   အခြေအနေများကို  ဟင်္သာတခရိုင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှူးနှင့်   အဖွဲ့က  မတ် ၁ ရက်က ကွင်းဆင်းစစ်ဆေးသည်။

 


ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည်က  လုပ်ငန်းများ သတ်မှတ် အရည်အသွေး၊      စံချိန်းစံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်သွားရန် ညွှန်ကြား ပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။ 

 


မြို့နယ်အတွင်း၌ ကျေးလက်ကုန်ထုတ်လမ်း တစ်လမ်း၊  တံတား သုံးစင်း၊ ကျေးလက်ရေပေး ဝေရေးလုပ်ငန်း ခြောက်ခုနှင့် ကျေးရွာဖွံ့ဖြိုး  တိုးတက်ရေးစီမံကိန်း(VDP)ကို ကျေးရွာ ငါးရွာ တွင်    ဆောင်ရွက်နေပြီး   သတ်မှတ်ကာလ အတွင်း  လုပ်ငန်းများပြီးစီးရန် ဆောင်ရွက် လျက်ရှိကြောင်း   မြို့နယ်  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးတင်ထွန်း အောင်ထံမှ သိရသည်။


ဝင်းဗိုလ်(မြန်အောင်)