မြန်အောင်မြို့နယ် ဘန့်ဘွေးကုန်းကျေးရွာအုပ်စု နေစွမ်းအင်ဖြင့် မီးလင်းပြီ

 

မြန်အောင်  စက်တင်ဘာ  ၁၉


ဧရာဝတီတိုင်းဒေသကြီး    ဝန်ကြီး ချုပ် ဦးတင်မောင်ဝင်းနှင့်  အဖွဲ့ သည်     ယမန်နေ့နံနက်ပိုင်းက   မြန်အောင်မြို့နယ်      မျှင်ဝါး တောင်ကျေးရွာ      ကွင်းအမှတ်   (၃၅၄) တောင်သူ ဦးသောင်းဌေး၏   မျိုးစေ့ထုတ်ဧက   ငါးဧကတွင်    ဓာတ်မြေဩဇာ     ကြဲပက်ပွဲကို တက်ရောက်အားပေးပြီး  စပါးမျိုး စေ့ထုတ်      တောင်သူ  ၂၀  တို့ကို      ဓာတ်မြေဩဇာများ  ထောက်ပံ့ပေး အပ်သည်။


ယင်းနောက်       ဝန်ကြီးချုပ်နှင့် အဖွဲ့သည်   ဘန့်ဘွေးကုန်းကျေးရွာအုပ်စုတွင်    ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး    ဦးစီးဌာန     Mega Global Green Company က    တာဝန်ယူဆောင်ရွက်သည့်  အသေးစား နေရောင်ခြည်စွမ်းအင် သုံး    လျှပ်စစ်စီမံကိန်းသို့   ရောက် ရှိရာ  တိုင်းဒေသကြီး  ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး    ဦးနေထက်ရှိန်နှင့် ကုမ္ပဏီမှ        တာဝန်ရှိသူများက လျှပ်စစ်ဓာတ်အား         ထုတ်လုပ်မှု အခြေအနေတို့ကို       ရှင်းလင်း တင်ပြကြပြီး    ကျေးရွာအတွင်း   လျှပ်စစ်မီးသုံးစွဲနေမှုကို   လှည့် လည်ကြည့်ရှု၍   ဒေသခံပြည်သူ များနှင့်   ရင်းရင်းနှီးနှီး   တွေ့ဆုံ သည်။ 


ဆက်လက်၍     ဘန့်ဘွေးကုန်း ကျေးရွာအုပ်စု တပ်ကုန်းကျေးရွာ၊ ရွာသစ်ကျေးရွာ၊         ဂျိတ်တော ကျေးရွာတို့တွင်  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး    ဦးစီးဌာန  Mega Smart Measurement  & Control Co.,Ltd. မှ      တာဝန်ယူ   ဆောင်ရွက်သည့်   Solar Mini-Grid  မီးလင်းရေး   ဆောင်ရွက်မှု အခြေအနေကို   ကြည့်ရှုစစ်ဆေး ကြောင်း သိရသည်။


ကျေးလက်ဒေသ      ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ  ဆောင် ရွက်သော နေရောင်ခြည်စွမ်းအင် သုံး အသေးစား  လျှပ်စစ်စီမံကိန်း ကြောင့်       မြန်အောင်မြို့နယ်  ဘန့်ဘွေးကုန်းကျေးရွာနှင့်ရေတာ ကျေးရွာတို့ရှိ အိမ်ခြေ  ၂၉၄ အိမ်၊   ဘုန်းကြီးကျောင်း  နှစ်ကျောင်း၊   စာသင်ကျောင်း     နှစ်ကျောင်း၊ ဆေးခန်းတစ်တို့ကို ခန်းမီးသွယ် တန်းပြီး   ဧပြီ ၂၁  ရက်မှစ၍ မီးစတင်     အသုံးပြုလျက်ရှိ ကြောင်းနှင့်   နေရောင်ခြည်စွမ်း အင်သုံး     လျှပ်စစ်မီးလင်းရေး ဆောင်ရွက်မှုကြောင့်   တပ်ကုန်း၊ ရွာသစ်၊ ဂျိတ်တောကျေးရွာတို့ရှိ    အိမ်ခြေ ၁၃၄ အိမ်၊     ဘုန်းကြီး ကျောင်းတစ်ကျောင်းနှင့်   စာသင် ကျောင်း   တစ်ကျောင်းတို့တွင် မီးသွယ်တန်းပြီး   ဖေဖော်ဝါရီလမှ စ၍      မီးစတင်အသုံးပြုလျက် ရှိကြောင်း         မြန်အောင်မြို့နယ် ကျေးလက်ဒေသ      ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ သိရသည်။ 


ဝင်းဗိုလ် (ပြန်/ဆက်)