မြန်အောင်မြို့၌ အောက်ဆီဂျင်ထုတ်လုပ်သည့်စက် စမ်းသပ်လည်ပတ်

 

နေပြည်တော်  စက်တင်ဘာ  ၂၃


ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာများနှင့်   သီးသန့်စောင့်ကြည့်ရမည့်သူ များကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင်   အောက်ဆီဂျင်    လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ  Oxygen Plant များကို တိုးမြှင့်တပ်ဆင်လည်ပတ်လျက် ရှိပြီး တပ်မတော်အနေဖြင့်လည်း    တိုင်းစစ် ဌာနချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိသည်။


ညှိနှိုင်းဆောင်ရွက်


ထိုသို့ တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး မြန်အောင် မြို့၌     အောက်ဆီဂျင်ထုတ်လုပ်သည့်စက် စမ်းသပ်လည်ပတ်နေမှုကို မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့်    တာဝန် ရှိသူများက   သွားရောက်ကြည့်ရှုပြီး   လိုအပ် သည်များ  ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်