
မွမ်ဘိုင်း ဇန်နဝါရီ ၁၃
မွမ်ဘိုင်းကမ်းရိုးတန်းတစ်လျှောက် အိန္ဒိယနိုင်ငံ၏ အရှည်ဆုံးပင်လယ်ကူးတံတားကို ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ တံတားစီမံချက်ကို ဂျပန်နိုင်ငံမှ ဘဏ္ဍာရေးနှင့် နည်းပညာထောက်ပံ့ ကူညီမှုဖြင့် တည်ဆောက်ပြီးစီးခဲ့ခြင်း ဖြစ်သည်။
၂၂ ကီလိုမီတာရှည်လျားသည့် Mumbai Trans Harbor Link တံတားကို သောကြာနေ့က အခမ်း အနားဖြင့် ဖွင့်လှစ်ခဲ့သည်။ ပင်လယ်ကူးတံတားသည် နိုင်ငံအနောက်ပိုင်းမှ မြို့၏ အလယ်ပိုင်းကို ပင်လယ် အော်ဖြတ်၍ ဧရိယာတစ်ခုနှင့် ချိတ်ဆက်ထား သည်။
တံတားဆောက်လုပ်မှုကို ၂၀၁၈ ခုနှစ်တွင် စတင်ခဲ့သည်။ ကုန်ကျငွေ ၇၀ ရာခိုင်နှုန်းကျော်မှာ ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှ ချေးငွေ ယန်း ၂၄၂ ဘီလီယံ သို့မဟုတ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံခန့် ဖြစ် ကြောင်း သိရသည်။
တည်ဆောက်မှုတွင် ဂျပန်နည်းပညာဖြင့် တပ်ဆင်ထုတ်လုပ်ထားသော တံတားရက်မများ ပါဝင်သည်။ ဖွင့်ပွဲအခမ်းအနားတွင် အိန္ဒိယဝန်ကြီး ချုပ် နာရိန်ဒြာမိုဒီက တံတားတည်ဆောက်ရာ၌ပူးပေါင်းပါဝင်ဆောင်ရွက်ပေးသည့် ဂျပန်အစိုးရ ကို အထူးပင်ကျေးဇူးတင်ကြောင်း ပြောကြား သည်။
မွမ်ဘိုင်းမြို့သည် အိန္ဒိယနိုင်ငံ၏ အကြီးဆုံး စီးပွားရေးမြို့တော် ဖြစ်သည်။ လျင်မြန်စွာ ဖြစ်ထွန်း လာသော မြို့ပြဧရိယာတွင် လူပေါင်း ၁၈ သန်းခန့် နေထိုင်လျက်ရှိပြီး အဆိုပါ တံတားက ယာဉ်ကြောပိတ်ဆို့မှုနှင့် လေထုညစ်ညမ်းမှုကို လျော့ပါးသက်သာစေဖွယ်ရှိသည်။
အင်န်အိတ်ချ်ကေ