မလေးရှားဝန်ကြီးချုပ်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့ ဒေသတွင်းကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရန် ကတိပြု

 

ဖနောင်ပင်   မတ်   ၂၈ 


မလေးရှား     ဝန်ကြီးချုပ်သည်  ကမ္ဘောဒီးယား    ဝန်ကြီးချုပ်နှင့် ဖနောင်ပင်၌   တွေ့ဆုံဆွေးနွေး ခဲ့ရာ ဒေသတွင်းအရေးကိစ္စများ အပေါ်     ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ကတိပြုခဲ့သည်။ 
နိုဝင်ဘာလမှစကာ ဝန်ကြီး ချုပ် တာဝန်ထမ်းဆောင်ခဲ့သည့် အန်ဝါ    အီဘရာဟင်အတွက် ကမ္ဘောဒီးယား      ခရီးစဉ်သည် ၎င်း၏     ပထမဆုံး    ခရီးစဉ် ဖြစ်သည်။ 

 


ကမ္ဘောဒီးယား ဝန်ကြီးချုပ်  ဟွန်ဆင်နှင့်    တွေ့ဆုံဆွေးနွေး ခဲ့ပြီးနောက်  အန်ဝါသည်  နိုင်ငံ အတွင်း     ငြိမ်းချမ်းရေး     ရရှိ အောင် ဟွန်ဆင်အနေဖြင့်  ကြိုးစား ခဲ့ပုံများကို   ချီးကျူး   ပြောကြား ခဲ့သည်။ 

 


နှစ်နိုင်ငံကြား  သက်ဆိုင်ရာ အဆင့်လိုက်   အမြင်ချင်းဖလှယ် သွားရန်     မျှော်လင့်ကြောင်း ဟွန်ဆင်က    ပြောကြားခဲ့သည်။ တစ်ရက်ကြာ     ကမ္ဘောဒီးယား ခရီးစဉ်ပြီးနောက်     အန်ဝါသည် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဘိုအာ  အစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံသို့  မတ်   ၂၉   ရက် တွင်     ဆက်လက်ထွက်ခွာမည် ဖြစ်သည်။ 


အင်န်အိတ်ချ်ကေ