မလေးရှားနိုင်ငံတွင်ရောက်ရှိနေပြီး  ငွေကြေးလိမ်လည်ခြင်းခံရခြင်းကြောင့်  နေရပ်သို့ပြန်နိုင်ရန်  အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် မြန်မာနိုင်ငံသား ၁၇ ဦးအား နိုင်ငံတော်အစိုးရက ကူညီခေါ်ဆောင်


 

နေပြည်တော် စက်တင်ဘာ  ၂၁


မလေးရှားနိုင်ငံသို့   ရောက်ရှိနေ သည့် မြန်မာနိုင်ငံသား ၁၇ ဦး သည်    မိမိနိုင်ငံသို့   ပြန်လည် ထွက်ခွာရန်အတွက် ဆောင်ရွက် ခဲ့စဉ်    ငွေကြေးလိမ်လည်ခြင်း ခံရပြီး      နေရပ်သို့ပြန်နိုင်ရန် အခက်အခဲ       ဖြစ်ပေါ်လျက်ရှိရာ အဆိုပါနိုင်ငံသားများအား  နိုင်ငံ တော်မှ     ကုန်ကျစရိတ်ကျခံ၍ အမြန်ဆုံးပြန်လည်ခေါ်ယူနိုင်ရေးအတွက်  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊   နိုင်ငံတော် ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာလ ၆ ရက်တွင် ပြုလုပ်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ    (၁၁)ကြိမ် မြောက် ညှိနှိုင်းအစည်းအဝေး၌ လမ်းညွှန်မှာကြားခဲ့သည်။
လေဆိပ်သို့ရောက်ရှိ
မြန်မာနိုင်ငံသို့   ပြန်လာရန် အခက်အခဲဖြစ်ပေါ်ခဲ့သော အဆိုပါ မြန်မာနိုင်ငံသား ၁၇ ဦး အမြန်ဆုံး နေရပ်ပြန်နိုင်ရေးအတွက် မလေး ရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)ရုံးတို့မှ      တာဝန်ရှိသူများက မလေးရှားနိုင်ငံမှ ဌာနဆိုင်ရာများ နှင့်   လိုအပ်သည့် ညှိနှိုင်းစစ်ဆေး မှုများပြုလုပ်၍    မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရေး    စီမံ ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ၎င်းတို့အား လိုအပ်သည့်ဆေးစစ် မှုများ   ဆောင်ရွက်ခဲ့ရာတွင် ၎င်းတို့ ၁၇   ဦးအနက်  ၁၄ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု ခံထားရကြောင်း   တွေ့ရှိရပြီး ပိုးကူးစက်မှု        မတွေ့ရှိရသည့် သုံးဦးအား စက်တင်ဘာ ၆ ရက် မွန်းလွဲပိုင်းက  မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ မြန်မာလေကြောင်း လိုင်း၏ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ဖြင့် ပြန်လည်     ခေါ်ဆောင်ခဲ့ရာ ညနေ ၄ နာရီခွဲခန့် တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့သည်။
ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ ခဲ့သည့် ၁၄ ဦးအား ၎င်းတို့နေထိုင် ရာများ၌     သီးခြားစောင့်ကြပ် ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ပြီး စက်တင်ဘာ ၁၈ ရက်တွင် လိုအပ် သည့်    ရောဂါစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရောဂါပြန်လည် ပျောက်ကင်းခဲ့သဖြင့်   စက်တင် ဘာ ၂၀ ရက်တွင်  အပြည်ပြည် ဆိုင်ရာ  မြန်မာလေကြောင်းလိုင်း (MAI)၏ ကယ်ဆယ်ရေးလေယာဉ် ဖြင့်   မြန်မာနိုင်ငံသို့   ပြန်လည် ခေါ်ဆောင်ခဲ့ရာ ညနေ ၄ နာရီခွဲခန့် တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။
ဆက်သွယ်ဆောင်ရွက်နိုင်
ပြည်ပနိုင်ငံသို့      အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့         ပြန်လည် ဝင်ရောက်ရန်   အခက်အခဲရှိသူ များကို နိုင်ငံတော်အစိုးရအနေဖြင့် လိုအပ်သည့်    ကူညီကယ်ဆယ်မှု များ       ဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် မိမိတို့၏နေရပ်များ သို့      ပြန်လည်ဝင်ရောက်လိုပါက သက်ဆိုင်ရာ   သံရုံး၊    စစ်သံရုံး၊ ကောင်စစ်ဝန်ရုံးများသို့   ဆက် သွယ်   ဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။            သတင်းစဉ်