မလေးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၂၄၇၈ ဦးနှင့်အတူ ရှစ်ဦး ထပ်မံသေဆုံး

 

 

ကွာလာလမ်ပူ   ဧပြီ   ၂၆  
မလေးရှားနိုင်ငံတွင် ဧပြီ ၂၅ ရက် သန်းခေါင်ယံအချိန်အထိ ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၂၄၇၈ ဦး တိုးလာမှုနှင့်အတူ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၄၄၃၃၅၅၁ ဦး ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။ 
နောက်ထပ် ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ ရှစ်ဦးနှင့်အတူ စုစုပေါင်းသေဆုံးသူ ၃၅၅၀၇ ဦးအထိ ရှိလာခဲ့သည်။ 
နောက်ထပ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကောင်းမွန် လာသူ ၉၂၁၅ ဦး ရှိလာသောကြောင့် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုမှ ပြန်လည်ကောင်းမွန်လာသူပေါင်း ၄၃၃၀၀၃၇ ဦးအထိ ရှိလာပြီဖြစ်သည်။ 
နိုင်ငံတစ်ဝန်း လတ်တလောကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားလျက်ရှိသူ ၆၈၀၀၇ ဦးရှိပြီး ယင်းအနက် ၉၈ ဦးမှာ အထူးကြပ်မတ်ကုသဆောင် တွင်  ဆေးကုသလျက်ရှိပြီး  ၆၃ ဦးမှာ အသက်ရှူအထောက်အကူပြု ပစ္စည်းများ လိုအပ်လျက်ရှိသည်။ 
နိုင်ငံအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးသူပေါင်း မှာ နိုင်ငံလူဦးရေ၏ ၈၄ ဒသမ ၉ ရာခိုင်နှုန်းရှီပြီး ၈၁ ဒသမ ၄ ရာခိုင် နှုန်းမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးသူများဖြစ်  ကြသည်။  ထို့အပြင်  အပိုဆောင်းကာကွယ်ဆေး  ထိုးနှံပြီးသူပေါင်း မှာလည်း ၄၉ ရာခိုင်နှုန်းအထိရောက်ရှိလာခဲ့သည်။           ဆင်ဟွာ