
ရန်ကုန် ဇန်နဝါရီ ၅
မလေးရှားနိုင်ငံသို့စေလွှတ်ရန် OWIC ပြုလုပ် ခွင့်တင်ပြသည့် အေဂျင်စီများအနေဖြင့် သတ်မှတ်ဇယားပုံစံအတိုင်း Excel ဖိုင်ကို Attached ထည့်ပေးရန်လိုအပ်ပြီး မပါရှိပါက ခွင့်ပြုပေးမည်မဟုတ်ကြောင်း Safe Migration က အသိပေးထားသည်။
စာရင်းသွင်းရာတွင်လည်း အလုပ်သမား အမည်နှင့် နိုင်ငံကူးလက်မှတ်ကို လုံးဝမမှား စေရန်၊ အလုပ်အကိုင်အမျိုးအစားက သံအရာရှိ ထောက်ခံချက်အတိုင်း ရေးပေးရမည်ဟု လည်းအသိပေးထားသည်။
One Stop Service တင်လျှင်လည်း Excel ဖိုင်ကို ယခင်သတ်မှတ်ထားသည့် ပုံစံအတိုင်း ထည့်ပေးရမည်ဟုသိရပြီး လုပ်သားဦးရေ များသဖြင့် ဖိုင် Size ကြီးနေ၍ Email ပို့ရန် ခက်နေပါက နိုင်ငံကူးလက်မှတ်များ တစ်ဖိုင်၊
စာချုပ်ကိုတစ်ဖိုင် (အပေါ်ဆုံးတစ်ရွက် နောက်ဆုံးတစ်ရွက်သာ) ခွဲပြီး PDF ဖိုင်ဖြင့် ပို့နိုင်ကြောင်းလည်း သိရသည်။
စေလွှတ်ရေးလုပ်ငန်းစဉ် ဆောင်ရွက်ခွင့် တင်ပြရာတွင်လည်း အပေါ်စာ၊ သံအရာရှိစာ၊ Demand letter ၊ KDN / KSN ၊ EC ၊ Calling Visa၊ လိုင်စင်မိတ္တူလောက်ကိုသာ PDF ဖိုင်လုပ်ပို့နိုင်ကြောင်းလည်း Safe Migration က အသိပေးထားသည်။
MT