မလေးရှားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၀၇၈၀ ရှိ

ကွာလာလမ်ပူ  ဩဂုတ်  ၁၁


မလေးရှားနိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ  ကူးစက်ခံရသူ ၂၀၇၈၀ ထပ်မံ တွေ့ရှိခြင်းကြောင့်  နိုင်ငံတစ်ဝန်း၌ ကိုဗစ်-၁၉  ရောဂါ   ကူးစက်ခံရသူပေါင်း ၁၃၂၀၅၄၇ ဦးရှိလာကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက    သတင်း ထုတ်ပြန်သည်။


အဆိုပါ တစ်ရက်အတွင်း ကူးစက်ခံရ သူ ၂၀၇၈၀ အနက် ၂၀၇၆၅ ဦးသည် ပြည်တွင်း၌     ကူးစက်ခံရသူများဖြစ် ကြောင်းနှင့် ၁၅ ဦးသည် ပြည်ပမှ ပြန်လာ သူများအနက်မှ ကူးစက်ခံရသူများဖြစ် ကြောင်း     မလေးရှားကျန်းမာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် နော်ဟစ်ရှမ်အဗ္ဗဒူလာက      သတင်း ထုတ်ပြန်ချက်တစ်ရပ်တွင်   ပြောကြား သည်။


မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကြောင့်သေဆုံးသူ ၂၁၁ ဦးထပ်မံတွေ့ရှိ ခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း  ၁၁၃၇၃  ဦးရှိလာ ကြောင်း သိရသည်။  အလားတူ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံများမှ ဆင်းခွင့်ရရှိသူ ၁၇၉၇၃ ဦး ထပ်တိုးလာခြင်းကြောင့်    ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၁၀၇၅၈၁၆ ဦးရှိလာကြောင်းနှင့် ယင်း အရေအတွက်သည် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း၏ ၈၁ ဒသမ  ၅  ရာခိုင်နှုန်းရှိကြောင်း   သိရ  သည်။


လက်ရှိတွင်    မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆဲလူနာပေါင်း ၂၃၃၃၅၈ ဦးရှိကြောင်း၊ ယင်းတို့အနက် ၁၀၅၃ ဦးသည်  အထူးကြပ်မတ်ကုသ ဆောင်များ၌  ဆေးဝါးကုသမှုခံယူလျက် ရှိကြောင်းနှင့် ၅၄၆ ဦးသည် အသက်ရှူအထောက်အကူပြုကိရိယာများလိုအပ်လျက်ရှိကြောင်း သိရသည်။ 


ကိုးကား - ဆင်ဟွာ
 ဘာသာပြန် - အလင်းသစ်