
ကွာလာလမ်ပူ မတ် ၁၁
မလေးရှားနိုင်ငံမြို့တော်အပြင်ဘက်၌ ပုံမှန် မဟုတ်ဘဲ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှု ကြီးဖြစ်ပေါ်ခဲ့ပြီး လူလေးဦး သေဆုံးခဲ့သည်ဟု ကယ်ဆယ်ရေးအရာရှိတစ်ဦးက မတ် ၁၁ ရက်တွင် ပြောသည်။ ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ် အတွင်း မလေးရှားနိုင်ငံသည် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ကြုံတွေ့ခဲ့ရသည်။
ယခုအချိန် မိုးရွာသွန်းခြင်းမှာ ပုံမှန်မဟုတ်ဟု အရာရှိများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်ရေးပညာရှင်များက ပြောသည်။ ယခုကဲ့သို့ မိုးသည်းထန်စွာရွာသွန်းရခြင်းမှာ ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှု၏ ရလဒ်ဟု ဆက်ပြောသည်။
အန်ပမ်မြို့ဆင်ခြေဖုံးရပ်ကွက်တွင် မတ် ၁၀ ရက် က မြေပြိုမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အရေးပေါ် ဝန်ဆောင်မှုအကြီးအကဲဖြစ်သူ နိုရာဇမ်ခါမစ်က ပြော သည်။ မိနစ် ၃၀ကြာ မိုးအဆက်မပြတ်ရွာသွန်းခြင်း ကြောင့် အနီးအနားရှိတောင်ကုန်း ရေတိုက်စားမှု ဖြစ်ပေါ်ခဲ့ပြီး ရေနှင့်ရွှံ့နွံများရောထွေးကာ နေအိမ် များရှိရာသို့ စီးဆင်းလာကြောင်း ၎င်းက ပြောသည်။
ယင်းဖြစ်ရပ်မှာ လျင်လျင်မြန်မြန်ပင် ဖြစ်ပွား သွားသည်ဟု ၎င်းကအေအက်ဖ်ပီသို့ ပြောသည်။ ရွှံ့နွံ များအောက်တွင် သေဆုံးသူများ၏အလောင်းကို တွေ့ရှိရပြီး ၎င်းတို့မှာ အချိန်မီထွက်မပြေးနိုင်ကြသူများဖြစ်သည်။ ရွှံ့နွံများစီးဆင်းမှုကြောင့် နေအိမ် နှစ်လုံး ပျက်စီးခဲ့ရပြီး အခြားသောအိမ်မှာလည်း တစ်စိတ်တစ်ပိုင်း ပျက်စီးဆုံးရှုံးရသည်။
အေအက်ဖ်ပီ