မလေးရှားနိုင်ငံ၌ ကျင်းပသည့် မလက္ကာအလွတ်တန်း စကိတ်အမြန်စီးပြိုင်ပွဲတွင် မြန်မာစကိတ်အားကစားသမားနှစ်ဦးက ရွှေတံဆိပ်‌လေးခုဆွတ်ခူး

 

ရန်ကုန်   ဒီဇင်ဘာ    ၂၀


မလေးရှားနိုင်ငံ    မလက္ကာမြို့၌ ဒီဇင်ဘာ  ၁၇  ရက်က ကျင်းပ ပြုလုပ်သည့်   မလက္ကာအလွတ် တန်း   စကိတ်အမြန်စီးပြိုင်ပွဲ (Melaka Open Speed Skating Challenge(MOSC)-2022) သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ နိုင်ငံကိုယ်စားပြု      စကိတ် အားကစားသမားနှစ်ဦး ရွှေတံဆိပ် လေးခု     ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

 


အဆိုပါပြိုင်ပွဲသို့     မြန်မာ စကိတ်        အားကစားသမား မောင်အင်အားနှင့် မမေခွန်အားတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ   စကိတ် အမြန်စီး မီတာ ၂၀၀ အမျိုးသား ပြိုင်ပွဲနှင့် အမျိုးသမီးပြိုင်ပွဲတို့တွင် မြန်မာက ပထမ၊ အင်ဒိုနီးရှားက ဒုတိယနှင့် မလေးရှားက တတိယ  ရရှိခဲ့ကြသည်။ ထို့အတူ မီတာ ၈၀၀ နှစ်ယောက်တွဲ အမျိုးသား ပြိုင်ပွဲနှင့်  အမျိုးသမီးပြိုင်ပွဲတို့ တွင်လည်း    မြန်မာက  ပထမ၊ အင်ဒိုနီးရှားက      ဒုတိယနှင့်  မလေးရှားက    တတိယဆုများ ဆွတ်ခူးရရှိခဲ့ကြသည်။

 


“နိုဝင်ဘာ    ၁   ရက်က မလေးရှားအဖွဲ့ချုပ်ဥက္ကဋ္ဌကနေ ကျွန်တော့်ကို   ဆက်သွယ်လာ တယ်။ မလက္ကာမှာ စကိတ်ပြိုင်ပွဲ လုပ်မယ်။ မင်းတို့အနေနဲ့ အခမဲ့ လာလို့ရတယ်။ ငါတို့ နေရာစီစဉ် ပေးမယ်ဆိုပြီးတော့   ကမ်းလှမ်း လာတယ်။   ကျွန်တော်တို့  မီတာ ၂၀၀ နဲ့ မီတာ ၈၀၀ စုံတွဲအတွဲပေါ့။ အဲဒီ ပြိုင်ပွဲတွေမှာ       ရွှေရခဲ့တာပါ။ အဓိကကတော့ အသက် ၁၅ နှစ် အောက်ပြိုင်ပွဲ   ဖြစ်တဲ့အတွက် ကြောင့်မို့လို့     သူတို့ဆီမှာရှိတဲ့ ပဏာမ   လက်ရွေးစင်အားလုံးနဲ့ ကလပ်အသင်းမှာ နာမည်ကြီးတဲ့ ကစားသမားတွေကို    လွှတ်ပြီး တော့      အလွတ်ဝင်ပြီးပြိုင်တဲ့ ပြိုင်ပွဲဖြစ်ပါတယ်။    ဒီကလေး နှစ်ယောက်ရဲ့     ကောင်းမွန်တဲ့ အချက်ကတော့ သူတို့က နေ့တိုင်း ၁၀    မိုင်လောက်  အကွာအဝေး ရှိတဲ့ကျောင်းကို          စကိတ်နဲ့ ပဲ    ကျောင်းတက်နေတဲ့အတွက် ကြောင့် အလွယ်တကူပဲကျော်ဖြတ် နိုင်ခဲ့တယ်လို့   ထင်ပါတယ်”ဟု ပြိုင်ပွဲတွင်     လိုက်ပါသွားသည့် မြန်မာနိုင်ငံ   စကိတ်အားကစား အသင်း ဒုတိယဥက္ကဋ္ဌ ဦးလွင်လတ် က ပြောသည်။

 


ပြိုင်ပွဲကို      ဆီမီးဖိုင်နယ် အဆင့်မှ     စတင်ကစားခဲ့ကြပြီး  စင်ကာပူ၊   အင်ဒိုနီးရှား၊  အိန္ဒိယ၊ မြန်မာနှင့် အိမ်ရှင်မလေးရှားနိုင်ငံ တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ အိန္ဒိယ နှင့်   စင်ကာပူတို့ပြိုင်ပွဲ အစောမှာ ပင်   ရှုံးနိမ့်ထွက်ခွာခဲ့ကြရသည်။ မလက္ကာအလွတ်တန်း   စကိတ် အမြန်စီးပြိုင်ပွဲသို့   ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့်             မြန်မာမှ မောင်အင်အားနှင့်   မမေခွန်အား တို့သည် လှိုင်သာယာသူရဲကောင်း လေးများအသင်းမှ    စကိတ်စီး အားကစားသမားများ    ဖြစ်ကြ သည်။ 

 


အဆိုပါ စကိတ်အားကစားဖြင့် ရွှေတံဆိပ်လေးခု  ဆွတ်ခူးရယူခဲ့ သည့် မြန်မာစကိတ်စီးအားကစား သမားများသည် ယနေ့မွန်းလွဲပိုင်း တွင် ရန်ကုန်မြို့သို့ လေကြောင်း ခရီးဖြင့် ပြန်လည်ရောက်ရှိလာကြ သည်။

အာကာစိုး၊ဓာတ်ပုံ-တင်စိုး