
ကွာလာလမ်ပူ စက်တင်ဘာ ၁၃
မလေးရှားနိုင်ငံ၌ ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၉၁၉၈ ဦး ထပ်မံတွေ့ရှိရသဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၉၇၉၆၉၈ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ပြောကြားသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ ၁၉၁၉၈ ဦးအနက် ငါးဦးမှာ ပြည်ပမှပြန်လည်ရောက်ရှိလာသူများဖြစ်ပြီး ၁၉၁၉၃ဦးမှာ ပြည်တွင်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနကဆိုသည်။ အလားတူ ကိုဗစ်-၁၉ ရောဂါ ကြောင့် ၂၉၂ ဦး ထပ်မံသေဆုံးသဖြင့် နိုင်ငံအတွင်း၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၂၀၇၁၁ ဦး ရှိလာကြောင်း သိရသည်။
ထို့ပြင် ၂၀၉၈၀ မှာ ကိုဗစ်-၁၉ရောဂါမှ ပြန်လည် ကျန်းမာလာသဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၁၇၂၁၇၁၀ ရှိလာ ကြောင်း သိရသည်။
နိုင်ငံအတွင်း ယမန်နေ့ကအထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေ ၂၂၇၄၇၆ကို ထိုးနှံ ပြီးစီးခဲ့သည်။ နိုင်ငံလူဦးရေ၏ ၆၅ ဒသမ ၄ ရာခိုင်နှုန်း မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးစီးခဲ့ပြီး နိုင်ငံလူဦးရေ၏ ၅၂ ဒသမ ၆ ရာခိုင်နှုန်း မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီးစီးပြီးဖြစ်သည်။
ကိုးကား - ဆင်ဟွာ ၊ ဘာသာပြန် - စိုးသူရ