
ကွာလာလမ်ပူ ဧပြီ ၅
မလေးရှားနိုင်ငံ၌ ဧပြီ ၄ ရက် ညသန်းခေါင်ယံအချိန်အထိ ကိုဗစ်-၁၉ ကူးစက်ခံရသူသစ် ၁၀၀၀၂ ဦး တွေ့ရှိခဲ့သဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်းအရေအတွက်မှာ ၄၂၅၆၄၆၉ ဦး ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ခံရသူများအနက် ၉၈ ဦးမှာ ပြည်ပပြန်ကူးစက်ဖြစ်ပွားမှုဖြစ်ပြီး ၉၉၀၄ ဦးမှာ ဒေသတွင်း ကူးစက်ခံရ သူများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက် ထုတ်ပြန် ချက်အရ သိရသည်။
မလေးရှားနိုင်ငံအတွင်း နောက်ထပ်သေဆုံးသူ ၂၈ ဦး ရှိလာသော ကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက်မှာ ၃၅၁၂၇ ဦး ရှိလာပြီ ဖြစ်သည်။
မလေးရှားနိုင်ငံ၌ ဧပြီ ၄ ရက် တစ်ရက်တည်း ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ ၂၂၀၈၁ လုံး ထိုးနှံပေးခဲ့ပြီး နိုင်ငံလူဦးရေ၏ ၈၄ ဒသမ ၃ ရာခိုင်နှုန်းမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ် ထိုးနှံပြီးဖြစ်ကြောင်း၊ ၇၉ ဒသမ ၁ ရာခိုင်နှုန်းမှာ ကာကွယ် ဆေးအကြိမ်ပြည့် ထိုးနှံပြီးဖြစ်ကြောင်း၊ ၄၈ ဒသမ ၆ ရာခိုင်နှုန်းမှာ အပိုဆောင်းကာကွယ်ဆေး ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။ ဆင်ဟွာ