
ကွာလာလမ်ပူ ဧပြီ ၁၁
မလေးရှားနိုင်ငံ၌ ဧပြီ ၁၀ရက်ည သန်းခေါင်ယံအချိန်အထိ ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၈၁၁၂ ဦးရှိလာသဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ စုစုပေါင်းအရေအတွက်မှာ ၄၃၂၅၈၁၈ ဦးရှိလာပြီဖြစ် ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မလေးရှားနိုင်ငံ၌ ဒေသတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၈၀၈၇ ဦး ရှိပြီး ပြည်ပပြန်ကူးစက်ခံရသူ ၂၅ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှ ထုတ်ပြန်ဖော်ပြချက်အရ သိရသည်။
မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ၁၂ ဦး ရှိလာမှုနှင့်အတူ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ စုစုပေါင်း ၃၅၂၉၂ ဦးရှိလာပြီဖြစ်သည်။
မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ ၁၅၇၆၅ ဦးရှိလာသဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသူစုစုပေါင်းမှာ ၄၁၄၄၇၂၈ ဦးရှိပြီဖြစ်သည်။
မလေးရှားနိုင်ငံ၌ လက်ရှိတွင် ကိုဗစ်-၁၉ ကူးစက်ခံနေရသူ ၁၄၅၇၉၈ ဦးရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၁၇၄ ဦးရှိကာ ၁၁၀ မှာ အသက်ရှူအထောက်အကူပြုကိရိယာများ လိုအပ်နေကြောင်း သိရသည်။
မလေးရှားနိုင်ငံ၌ ဧပြီ ၁၀ ရက်တစ်ရက်တည်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ ၃၈၈၂၀ ထိုးနှံပေးခဲ့သည်။ မလေးရှားနိုင်ငံတွင် နိုင်ငံလူဦးရေ၏ ၈၄ ဒသမ ၄ ရာခိုင်နှုန်းမှာ ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ်ထိုးနှံပြီးဖြစ်ကြောင်း၊ ၇၉ ဒသမ ၅ ရာခိုင်နှုန်းမှာ ကာကွယ် ဆေးအကြိမ်ပြည့် ထိုးနှံပြီးဖြစ်ကြောင်း၊ ၄၈ ဒသမ ၈ ရာခိုင်နှုန်းမှာ အပိုဆောင်းကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း သိရသည်။ ဆင်ဟွာ